ရေချိုးခန်းထဲကနေ ထွက်လာပြီး အဝတ်တွေရှာနေတဲ့သူ့ခါးကို နောက်ကနေ လက်တစ်စုံက တင်းကျပ်အောင် လာဖက်တာမို့
"ဖက်လို့မဝဘူးလား"
"ဖက်ထားချင်တာ မဟုတ်ဘူး ငုံထားချင်တာ သူများတွေမြင်သွားမှာစိုးလို့"
"အပြောအရမ်းကောင်း"
"ကိုယ် အကုန်ကောင်းတာ မင်းသိပါတယ်"
"တော်ပြီ တော်ပြီ ဖယ်အုံး အင်္ကျီဝတ်ရအုံးမယ်"
"ဒီလောက်ပူနေတာ ဒီလည်ပင်းပိတ်ဆွယ်တာ ကြီးဝတ်မလို့လား"
"တစ်ကိုယ်လူံးကြည့် ဘယ်နားအလွတ်ရှိလဲ"
"ဒါက မင်းအရမ်းလှနေတော့ ကိုယ်ကတံဆိပ်ကပ်ပေးတာ"
"ခဏလေး အဝတ်ရှာလိုက်အုံးမယ်"
အဝတ်ရှာနေတဲ့ကောင်လေးကို မလွှတ်ပဲ အနောက်ကနေဖက်ထားလျက် လိုက်နေရင်း ညက အနီကွက်တွေကို နမ်းနေမိတယ်။ရေချိုးဆပ်ပြာရည်အနံ့က တူတူသုံးထားပါလျက် သူ့ဆီမှာမှ ပိုမွှေးနေသလို။
နောက်ဆုံးမှာတော့ oxford shirt နက်ပြာလေးကိုပဲ ကြယ်သီး အပြည့်တတ်ပြီး ဝတ်လိုက်တဲ့ကောင်လေး။
_________________
"ဘယ်သွားမှာလဲ ကိုယ် ဒရိုင်ဘာခေါ်ထားတယ်"
"ဘယ်တုံးကခေါ်တာလဲ"
"မနေ့ကညထဲကလေ မနက်၉နာရီဆိုတာနဲ့ ဒီမှာလာစောင့်နေဖို့ခေါ်ထားတာလေ"
"ဟ မလွန်ဘူးလား"
"ဘယ်ချိန်ထဖြစ်မလဲ မသိဘူးလေ ကဲပါ ညနေက ဘယ်ကိုသွားမှာလဲ ဘာလို့သွားမှာလဲ"
"ညနေပိုင်း ပန်းချီ classမှာ အစားထိုးဝင်ပေးရမှာ"
"ကိုယ်လိုက်ပို့မယ်"
"မလိုဘူး"
"လိုတယ်"
"မပြန်ဘူးလား"
"မင်းလေးနားပဲ နေချင်တာပါဆို"
"အပြောကတော့ တော်တော်ကောင်းတာနော်"
"အခုသွားမလား လမ်းမှာ မနက်လည်စာ တစ်ခုခုစားပြီးမှ သွားလေ"
"တော်ပါပြီ "
"လုပ်ပါ တစ်ခုခု သွားစားပြီး တစ်ယောက်အကြောင်းတစ်ယောက်ပြောကြမယ်လေ ကိုယ့်မှာ မင်းအကြောင်းတွေသိချင်တာ အများကြီးပဲ"
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanficJust a short story about Pondphuwin Pondphuwin Myanmar fanfiction