Cuatro

522 48 17
                                    

မနက်နိုးလာ‌တော့ ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကောင်လေးကြောင့် ပြုံးမိသွားတယ်။အခုလိုမျိုး တစ်ညတာ ပတ်သတ်တာမျိုးတွေ မဟုတ်ပဲ တစ်ဘဝစာ ပတ်သတ်ချင်လို့ ဘယ်လိုလုပ်ရမလဲ။

အခုမှတွေးမိတာက ဒီကလေးက သူ့ကို ညက အကြောင်းတွေကို ဟိုနေ့ကလို လျှော်ပြီး ပြန်လွှတ်မှာတော့ မဟုတ်လောက်ဘူးမလား။မျက်နာလေးကို ကြည့်မိတော့ နူးနူးညံ့ညံ့လှလှပပလေး။ဟူး သူ့မိဘတွေက ကုသိုလ်တွေအများကြီး လုပ်ခဲ့တယ်ထင်တယ် ဒီလောက်အလှအ‌ပလေး မွေးနိုင်တာ။

မျက်လုံးလှလှ နှာတံသွယ်သွယ် လေးကိုကြည့်ရင်း နှုတ်ခမ်းပါးပါးဖူးဖူးလေးကို ကြည့်မိတော့ နှုတ်ခမ်းပါးပါးလေးရဲ့ အရသာကို သတိပြန်ရသွားရပြန်သည်။စိုက်ကြည့်နေတုံး ခန္ဓာကိုယ်လေး လှုပ်လာလို့ မျက်လုံးအမြန်ပိတ်ပြီး ရင်ခွင်ထဲက ကောင်လေးကို တင်းတင်းကျပ်ကျပ် ပြန်ဖတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။

နိုးလာပုံရတဲ့ ကောင်လေးက ရင်ခွင်ထဲမှာလှုပ်ရှားလာတယ်။ဟိုနေ့ကလို ထမသွားပဲ သူ့မျက်နာတွေပေါ်မှာ လက်ချောင်းလေးတွေ ပြေးကာ ဆော့ကစားနေသည်။ နှုတ်ခမ်းတွေကို လက်ချောင်းလေးတွေနဲ့ ထိနေတုံးမှာ မျက်လုံးဖွင့်လိုက်တော့ လန့်သွားတဲ့ မျက်လုံး အဝိုင်းလေး။

ချစ်စရာ ယုန်ပေါက်လေးကို ကြည့်ပြီး မျက်နာနားကပ်ကာ အနမ်းပေးမိတော့ တွန်းမထုတ်ဘဲ အလိုက်သင့်တုံ့ပြန်ပေးသည်။စကားတွေနဲ့ ပြောရင် မျက်စောင်းထိုးတတ်ပေမယ့် အနမ်းတွေဆို တွန်းမထုတ်ပဲ တုံ့ပြန်တတ်တဲ့ ကောင်လေးဟာ စွဲလမ်းစရာ။

နမ်းနေရင်း သူ့လက်တွေက ထိုကောင်လေးရဲ့ ကျောပြင်ကိုပွတ်သတ်ပြီး ကျောရိုးတစ်လျှောက် အလုပ်များနေတုံး ဝင်လာတဲ့ ဖုန်းကြောင့် ကောင်လေးက သူ့ကို တွန်းပြီး ဖုန်းကို လှမ်းကာ "ဖုန်းကိုင်အုံးမယ်" ဟု ပါးစပ်ကလေးလှုပ်ပြသည်။

"Hello
အာ ....ဟုတ်ကဲ့ ......လာခဲ့မယ်လေ ....ဟုတ်ကဲ့ပါ ...ဂရုစိုက်နေအုံး"

ဖုန်းချပြီး ထသွားမယ့်သူ့ကို ပြန်ဆွဲပြီး

"ဇာတ်လမ်းက မပြီးသေးဘူးလေ"

"ခင်ဗျား အိမ်မပြန်ဘူးလား အချိန်ကြည့်အုံး နေ့လည်၁နာရီ ဖြစ်နေပြီ ခင်ဗျားကိစ္စမရှိလဲ ကျွန်တော် ညနေပိုင်း အလုပ်ရှိတယ်"

"ဘာအလုပ်မှ မလုပ်နဲ့ ကိုယ်ရှာကျွေးမယ် ကိုယ့်အနားမှာပဲနေ မင်းလေးက"

"ခင်ဗျား ပါးစပ်ကတော့ အပြောအရမ်းကောင်းနော်"

"အပြောပဲ ကောင်းတာမဟုတ်ပါဘူး အလုပ်လဲ ကောင်းပါတယ် မဟုတ်ဘူးလား"

"ဟာ ခင်ဗျားမရှက်ဘူးလား"

"ဘာရှက်စရာရှိလဲ မဟုတ်ဘူးလား"

"တော်ပြီ တော်ပြီ ခင်ဗျားဖယ်ဖယ် ရေချိုးတော့မယ်"

"တူတူချိုးမယ်လေ"

"ဟာ လိုက်မဝင်နဲ့လေ မရှက်ဘူးလားခင်ဗျား"

"မင်းတစ်ကိုယ်လုံး ကိုယ်မြင်ပြီးပြီ ကိုယ့်တစ်ကိုယ်လုံးလဲ မင်းမြင်ပြီးပြီ ရှက်စရာလိုသေးလို့လား"

"မနိုင်ဘူး ခင်ဗျားလဲ တော်ပြီ ခင်ဗျားက ဒီအခန်းထဲက ရေချိုးခန်းထဲချိုး ကျွန်တော်က ဟိုဘက်ခန်းက ရေချိုးခန်းမှာ ချိုးမယ် မြန်မြန်လေး လုပ်နော် ကျွန်တော့် အမြွှာက ခဏနေ ပြန်လာပြီ "

"ကိုယ့်မှာ ဝတ်စရာမှမရှိတာ"

"ဟိုရက်က ကျွန်တော် ယူဝတ်လာတာတွေ ပြန်ဝတ်သွားလေ"

"-------"

"ကဲ မြန်မြန်လေး မြန်မြန်လေး" ဆိုပြီး ထထွက်သွားတဲ့ လူကို တားချိန်တောင်မရလိုက်။

________________________

ရေချိုးပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်မှာ လာထားပေးသွားတဲ့ ဟိုရက်က သူယူဝတ်သွားတဲ့ အဝတ်တွေကိုလဲပြီး ထိုင်စောင့်နေတုံး အခန်းထဲကို ခန္ဓာကိုယ် အောက်ပိုင်းပဲ သဘက်ပတ်ပြီး ဝင်လာတဲ့ ကောင်လေး ကြည့်မိတော့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး သူညက ပေးထားတဲ့ အနီရောင်အကွက်တွေက အစီအရီ။

နောက်ကျောပေးထားတဲ့ ကောင်လေးရဲ့ ကျောပြင်က အနီရောင် အကွက်တွေကို ပြုံးကြည့်မိရင်း ဓာတ်ပုံရိုက်ပြီး Ig story မှာတင်လိုက်တယ် #Mine ဆိုပြီး။ လက်ထဲက ဖုန်းကို ဘေးချပြီး ကောင်လေးဆီကို ထသွားလိုက်တယ်။

ဘေးချခဲ့တဲ့ဖုန်းလေးကနေ အဆက်မပြတ်ဝင်လာတဲ့ notiတွေကို လျစ်လျူရှုပြီးပေါ့ ......

TBC.......


This Pretty Boy is Mine ❤️‍🔥(PondPhuwin) ||Complete||Where stories live. Discover now