ကားပေါ်ကဆင်းသွားတဲ့ ကောင်လေးကိုကြည့်ပြီး အတွင်းရေးမှူးဆီ ဖုန်းဆက်လိုက်တယ်။
"စုံစမ်းခိုင်းထားတာတွေ ဘယ်လိုလဲ"
"အကုန်ရပါပြီ သူဌေး"
"ငါ့ရုံးခန်းထဲထားခဲ့ ပြီးတော့ Phuwin Tangကို နောက်ကလိုက်စောင့်ရှောက်ပေးဖို့ တစ်ယောက် ****ပန်းချီသင်တန်းကို ပို့ထားပေး" အတွင်းရေးမှူးနဲ့ ဖုန်းပြောတော့ ဒီကလေးကို စောင့်ရှောက်ရန် လူထည့်ပေးဖို့ မမေ့မလျော့မှာ ဖြစ်သည်။
သူIg story တင်ထားတော့ ဒီကောင်လေး ဘယ်သူဘယ်ဝါဆိုတာ သိချင်လာကြမယ်လေ အန္တရာယ်တွေကြုံလာနိုင်တယ်မဟုတ်လား။ သူ့အပိုင်လေးက သူ့အပိုင်လုပ်ဖို့ ငြင်းနေတုံးပေမယ့် သူက သူ့အပိုင်လို့ သတ်မှတ်ပြီးပြီမို့ ဘယ်နည်းနဲ့မှ အထိခိုက်မခံနိုင်ပေ။
________________
"Phuwin Tangsakyuen အမြွှာညီအစ်ကို နာမည်က Gemini Tangsakyuen မိဘတွေက လွန်ခဲ့တဲ့ 16နှစ်လောက်က Tang family warehouse မီးလောင်မှုမှာ ပါသွားခဲ့တာ ကျန်တဲ့ ရှယ်ယာတွေကို သူတို့ အမျိုးတွေက ကလေးတွေဆိုတဲ့ အကြောင်းနဲ့ လက်ဝါးကြီးအုပ်သွားကြတာ
မိဘတွေဆုံးပြီးထဲက အခုနေနေတဲ့ အိမ်ပဲ ကျန်ခဲ့တာ 4နှစ်သားကလေးတွေကို သူ့အဖေညီမကပဲ ပြုစုပေးခဲ့တာ ပန်းချီမေဂျာနဲ့ကျောင်းပြီးတော့ ပန်းချီသင်တန်းမှာ ဆရာပြန်လုပ်နေတာ ပဲ ohh ဒါနဲ့ တကယ့် အလှလေးပဲ " Joongက သူ့ကလေးအကြောင်းကို အကျဉ်းချုံး ဖတ်နေတာ ဖြစ်ပြီး သူကတော့ သူ့ကလေးရဲ့ လတ်တလောလှုပ်ရှားမှု ဓာတ်ပုံတွေကို သေချာကြည့်နေမိသည်။အပြစ်ပြောစရာရယ်လို့ မရှိတဲ့ ကောင်လေးမို့ လူချစ်လူခင်တွေကလဲ အများသား။ပုံတော်တော်များများမှာ သူငယ်ချင်းအဖွဲ့တွေနဲ့ ပုံတွေဖြစ်ပြီး ကောင်လေးက ပြုံးနေတဲ့ပုံတွေပဲဖြစ်သည်။ဒီအပြုံးတွေကို တစ်ယောက်တည်း အပိုင်သိမ်းလိုက်ရမှာ ပတ်ဝန်းကျင်ကိုတော့ အားနာသား။
"အာ့တော့ ဒီအလှလေးက မင်းဟိုးရက်က Clubကနေ မင်းအိမ်ခေါ်သွားတဲ့ တစ်ယောက်ပေါ့"။ Joong က သူချထားတဲ့ ဓာတ်ပုံတစ်ပုံကို ကိုင်၍ မေးလာသည်။
"Right brother "
" မနေ့ကလဲ မင်းရင်ခွင်ထဲ ထည့်ထားတဲ့တစ်ယောက်ကသူပဲ ပြီးတော့ မင်းက သူ့အိမ်လိုက်သွားတာ" Joong မေးသမျှတွေကို ခေါင်းညှိတ်၍သာ ဖြေနေမိသည်။
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanfictionJust a short story about Pondphuwin Pondphuwin Myanmar fanfiction