Pond Naravit တစ်ယောက် ဖုန်းဆက်သွားတာ ဒီဘက်က လူက လိပ်ပြာတွေ အကောင်တစ်သောင်းလောက် ဗိုက်ထဲမှာ ပျံနေသလို ခံစားချက်နဲ့ ကျန်ခဲ့ရပြီ။ဆွဲဆောင်မှုရှိတဲ့ အသံခပ်ဩဩက လူချင်းမတွေ့ရဘဲနဲ့တောင် သူ့အပေါ်ကို သက်ရောက်မှု အားကြီးလွန်းသည်။
ထပ်တွေ့ဖို့တောင်းဆိုလာတော့ ဒီပတ်သတ်မှုက ဘယ်ထိဆက်သွားမလဲ သိချင်လာသည်။အနာဂတ်ကိုသာကြည့်နိုင်တဲ့ စူပါပါဝါရှိရင် သူတို့နှစ်ယောက်က ဘယ်အထိ ဆက်သွားကြမလဲဆိုတာ ကြည့်ချင်မိသည်။ဖုန်းပြောပြီး ဘယ်လောက်တောင် ပြုံးနေမိလဲမသိ သင်တန်းက ကလေးလေးက အနားလာကုပ်ကာ
" Teacher Phu ဘာလို့ပြုံးနေတာလဲ ဟင် candyတွေစားရမှာမို့လားဟင်" ဆိုမှ ပြုံးနေမှန်းသတိရသည်။"မဟုတ်ပါဘူး သားသားတို့ ပုံဆွဲတာလေးတွေ အရမ်းလှနေလို့ပါ "
"Candy မစားရတော့ဘူးပေါ့"
"နောက်တစ်ပတ် ပန်းချီပြိုင်ပွဲမှာ ဆုရရင် Candy ကျွေးမယ်"
"Yayyy" ကလေးတွေများကောင်းလိုက်တာ Candyတွေ ice cream တွေလောက်နဲ့လဲ ပျော်ကြတယ်လို့ တွေးမိတယ်။
Fine Artsကနေ ပန်းချီမေဂျာနဲ့ ကျောင်းပြီးတော့ ရှုပ်ရှုပ်ထွေးထွေးလဲ သိပ်မကြိုက်တဲ့လူဖြစ်တာမို့ ပန်းချီလေးဆွဲရင်း ကလေးတွေကို ညနေပိုင်း ပန်းချီသင်ရင်း ဖြတ်သန်းနေတာ အတော်လေး စိတ်လှုပ်ရှားစရာ ကင်းမဲ့တဲ့ရပ်ဝန်းထဲမှာပေါ့။အခုတော့ လူတစ်ယောက်နဲ့တွေ့ပြီး ခံစားချက်က လုံးဝ လိပ်ပြာအကောင်တစ်သောင်းလောက် ပျံနေသလိုမျိုး ခံစားနေရပြီ။ ဟူးးး မလွယ်ပါလား။
____________________
"Phu ညစာလိုက်ကျွေးချင်လို့ ဟိုနေ့က ကိုယ့်အချိန် ဝင်ပေးထားတာဆိုတော့လေ " သင်တန်းအပြီး အပြင်ထွက်ခါနီး Phi Lukeက ညစာကျွေးချင်သည်ဆိုလာသည်။
"အာ Phi မလိုပါဘူး ရတယ် "
"အမြဲငြင်းနေတာပဲ တစ်ခုခုတော့ ကျွေးချင်လို့ပါ နောက်လဲ အကူအညီထပ်တောင်းလို့ရတာပေါ့"
"ဘာမုန့်မှမကျွေးလဲ ကူညီပါတယ်ဗျာ"
နှစ်ယောက်သားစကားပြောနေတုံး အတန်းလွှတ်လိုက်တဲ့ ကလေးတွေက ပြေးထွက်လာတာမို့ ရှောင်ရင်းလဲကျတော့မလို့ ဖြစ်သွားတာမို့
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanfictionJust a short story about Pondphuwin Pondphuwin Myanmar fanfiction