Unicode
Facebook ပေါ်တက်တက်ခြင်း မြင်လိုက်ရသော
သတင်းကြောင့် သူ မျက်မှောင်ကြုတ်ရသည်..။ သူ့ပုံစံကြောင့်
ဘေးမှာ ရှိနေတဲ့ ဝဿာန်ကတောင် ဘာလဲဆိုတဲ့အကြည့်နဲ့
လှမ်းကြည့်လာ၏။ သူက စိတ်မပူဖို့ ခေါင်းခါပြတော့
စားလက်စ မြေပဲသီးပြုတ်ကို အားတက်သရော် ခွာစားနေ
ပြန်သည်။Naing Htet Group က ဦးနိုင်ထက်စီးနင်းရဲ့
တတိယ အမျိုးသမီး သေဆုံးမှု။အဲ့ဒီလူက အသက်၃၅ သူ့ထက်တော့ အသက်အများကြီး
ကြီး၏။ ၃၅နှစ်မှာ အိမ်ထောင်ပြုခဲ့တာ ၃ကြိမ်တောင်...။
ပြီးရင် သူ့အိမ်ထောင်ဖက်အမျိုးသမီးတွေက အကြောင်း
ပြချက်မယ်မယ်ရရ မရှိပဲ ဆုံးသွားကြတယ်တဲ့...။သူကလည်း အဲ့ဒီလူကြီးသတင်းဆိုရင်ကို မစူးစမ်းဘဲနဲ့
မနေနိုင်ပါ။ အသိစိတ်က ကိုယ့်ကိစ္စမဟုတ်ဘူးလို့ အကြိမ်ကြိမ်
ဘယ်လောက်ထိ သတိပေးနေပါစေ မသိစိတ်က ထိုကိစ္စကို
စိတ်ဝင်စားနေဆဲ...အပြင်မှာ မတွေ့ဖူးသော်ငြား သူ့ကို မြူခိုးငွေ့ အတော်လေး
အမြင်ကပ်နေပြီဖြစ်၏။အခုလည်းကြည့်လေ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့
မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတာ။
မသိရင် မိန်းမမှောင်ခိုကူးနေတာကြနေရော..."မျက်မှောင်ကြီး စုကြုတ်မထားပါနဲ့ကွာ မင်းကလည်း!!
ဝဿာန်ရဲ့ အစ်ကို ဝသုန်က ရယ်သွမ်းရင်း ပြောခြင်းပင်။
"မင်းတို့လည်း စဉ်းစားကြည့်ပေါ့ ဒီလူလေ မိန်းမတွေ
မှောင်ခိုကူးနေသလိုပဲ ယူလိုက်တဲ့မိန်းမ ပြီးရင် လပိုင်းကြာတော့
သူ့မိန်းမတွေက သေပြီ ဘာအကြောင်းပြချက်မှလည်း
မရှိဘူးတဲ့ အဲ့ဒါဖြစ်သင့်လား""ဘယ်သူလဲ!!
ဝသုန်က သူ့ဖုန်းကို ဖျတ်ခနဲကြည့်ပြီးမှ
"အာ.. သူ့ဟာသူ ရေလျှံလို့ မိန်းမတွေ ယူနေတဲ့ဟာ
ငါတို့နဲ့ ဘာဆိုင်တာကျလို့""ဟုတ်သားပဲ နင်ကလည်းလေ သူများကို အပြင်မှာတောင်
မြင်ဖူးတာမဟုတ်ပဲနဲ့""သူပြောသလိုပဲ မင်းအပြင်မှာတောင်မမြင်ဖူးပဲနဲ့
သွားဝေဖန်မနေပါနဲ့ကွာ ဒါပေမယ့် ငါတို့အခြေနေနဲ့ကလည်း
သူ့ကိုအပြင်မှာ တွေ့ဖို့ အဲ့လောက်ကံမကောင်းနိုင်ဘူး
သူများက ချမ်းသာတဲ့ဟာ ငါတို့လို ဘဝတွေက အဲ့လူကို
လိုက်လို့မမှီပါဘူးကွာ"
YOU ARE READING
ဘုံကြိုးပြတ်တဲ့ ကဝေပျို
FantasyUnicode/ Zawgyi ကောင်းကင်ကြီးက ပြာတယ်၊ နှင်းဆီတွေကနီတယ် ပြီးတော့ မင်းကိုချစ်တယ်