Unicode
"ဒါ ဘာသဘောလဲ !!
သူ ရှေ့ကကောင်လေးကို မျက်ခုံးပင့်လျက် ကြည့်လိုက်သည်။
ထိုကောင်လေးကတော့ ဘာအပြစ်မှ လုပ်မထားသည့်အတိုင်း
သူ့ကို ပြုံးစိစိသာ ကြည့်ရင်း"သူတို့ကိုမြင်တော့ ခင်ဗျားဘယ်လိုခံစားရလဲ"
"ဘာကိုလဲ"
"အဲ့မှာကြည့်လေ မတွေ့ဘူးလား"
မြူခိုး သူ့ကိုခေါ်လာတဲ့နေရာက ကလပ်တစ်ခု ဖြစ်သည်။
ကောင်လေးတွေရော ကောင်မလေးတွေပါ အစုံရှိသည်။
မြူခိုးပြသည့်သူက sexy ဆန်ဆန် 'က'နေတဲ့ ကောင်မလေး
တစ်ယောက်ကိုဖြစ်၏။ကလပ်အတွင်းမှာဖွင့်ထားတဲ့Djသီချင်းသံက ကျယ်လွန်း၍
တစ်ခါတစ်လေ သူတို့ တစ်ယောက်အသံတစ်ယောက်ကြားအောင် မနည်းပြောနေရ၏။ မြူခိုးက ဒီနေရာကို ဘာကြောင့်
ခေါ်လာသလည်းတော့မသိ။ သို့သော် လူတွေထူထပ်တဲ့
နေရာမျိုးကို နိုင်ထက်မကြိုက်ပါ။"တွေ့တယ်"
"သူမက လှတယ်လို့မထင်ဘူးလား"
"လှသားပဲ အဲ့ဒါဘာဖြစ်လို့လဲ"
ကလပ်တစ်ခုလုံးမှာ အလှဆုံး မိန်းကလေးကို တွေ့တာတောင်
ထိုလူက အေးအေးလူလူဖြစ်နေ၍ မြူခိုး မျက်မှောင်ကြုတ်သွား
သည်။"လှတာ သိရုံနဲ့ မရဘူး!!
"အဲ့တော့ ငါကဘာလုပ်ပေးရမှာလဲ"
"ခံစားတတ်ဖို့ကလည်း အရေးကြီးတယ် ဒါမှမဟုတ်
ခင်ဗျား ကောင်လေးတွေ လိုနေတာများလား တကယ့်ကို
ကောင်လေး ချောချောလှလှလေးတွေလေ.."စကားအဆုံး နိုင်ထက်က သူ့ကို အရူးတစ်ယောက်ကို
ကြည့်သကဲ့သို့ ပြန်ကြည့်၏။"ဘာလို့ ကျွန်တော်ကိုအဲ့လိုကြည့်ရတာလဲ ကျွန်တော်ပြောတာ
ဘာမှားလို့လဲ ဒါမှမဟုတ် ဒီမိန်းကလေးက ခင်ဗျားကို
မထောင်စေလို့လား"နိုင်ထက် မျက်လုံးပြူးလာရပြီ။ ကောင်လေးက ဝီစကီကို
သောက်နေသော်လည်း မူးနေပုံတော့မရချေ။ သူ ရုတ်တရက်
သည်ကောင်လေးရဲ့ အကြံစည်ကို နားလည်သလိုလိုတော့
ရှိသွားရသည်။
YOU ARE READING
ဘုံကြိုးပြတ်တဲ့ ကဝေပျို
FantasyUnicode/ Zawgyi ကောင်းကင်ကြီးက ပြာတယ်၊ နှင်းဆီတွေကနီတယ် ပြီးတော့ မင်းကိုချစ်တယ်