အခန်း ၂

108 12 0
                                    

Unicode

"ဘာ!!!

"တောက်!! ဒါသက်သက် လူပါးဝတာ"

"အေးလေ ငါတို့က ပိုက်ဆံမရှိဘူးဆိုပြီး သူလုပ်ချင်တိုင်း
လုပ်လို့ရမလား"

နောက်တစ်နေ့မှာပဲ မြူခိုးလည်း ညတုန်းကအဖြစ်ပျက်
တွေအားလုံးကို ဘာမှဖုံးကွယ်ထားစရာမလိုဘူးထင်၍
ဝသုန်တို့ မောင်နှမနှစ်ယောက်ကို ဖုန်းဆက်ခေါ်ကာ
ပြောပြလိုက်သည်။ ကြားကြားချင်း ဝသုန်တို့က တောက်
တခေါက်ခေါက်နဲ့ မြူခိုးလည်းကိုယ့်အပြစ်နဲ့ကိုယ်မို့
ငြိမ်ငြိမ်လေးနေလိုက်ရသည်။

"သူနင့်ကို ထိတာကိုင်တာအပြင် တစ်ခြားလုပ်ခဲ့တာ
ရှိသေးလား"

ဝဿာန်အမေးကို သူခေါင်းခါပြလိုက်သည်။

"မရှိဘူး ဘာပဲဖြစ်ဖြစ် ဒါက ငါ့အပြစ်လည်းမကင်းဘူးလေ
ငါသာ ဆေးမခတ်ရင် အဲ့ဒါတွေ တစ်ခုမှဖြစ်လာမှာ
မဟုတ်ဘူး ဒါပေမယ့် ငါကလည်း ကောင်းစေချင်တဲ့
ရည်ရွယ်ချက်နဲ့ပါ ဘာပဲဖြစ်ဖြစ် သူတို့က အခန်းထဲတောင်
ရောက်ပြီးနေပြီပဲဟာကို"

ဆိုတော့ ဝသုန်က သူ့ပုခုံးကို ပုတ်၍ နှစ်သိမ့်ပြန်ပါသည်။

"ဒါက မင်းအပြစ်ချည်း မဟုတ်ပါဘူး စိတ်မကောင်း
မဖြစ်နဲ့!!

ထိုစဉ် ခပ်လှမ်းလှမ်းက ကားသံကိုကြားလိုက်ရသည်ကြောင့်
၃ယောက်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ပြတင်းပေါက်
လိုက်ကာစကို ဖယ်ကြည့်လိုက်၏။

"ဟင်!!!

၃ယောက်လုံးဆီက အာမေဋိတ်သံ ထွက်လာရလေပြီ။
ခပ်လှမ်းလှမ်းမှာ ကားရပ်ကာ အထဲကိုလျှောက်ဝင်လာသူ
ကြောင့် သူနည်းနည်းတော့ ထိတ်လန့်သွားရပါသည်။

"နေပါဦး သူက ဒီကို ဘယ်လိုရောက်လာတာလဲ"

"ငါ့အိမ်လိပ်စာကို ဘယ်လိုသိတာလဲ"

မြူခိုး တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုလူ တစ်ဖြည်းဖြည်း
လျှောက်လာတာကိုမြင်ပြီး ပုန်းနေလို့လည်း မဖြစ်တာကြောင့်
အိမ်ရှေ့ကို ထွက်ခဲ့လိုက်သည်။ အဲ့ဒီတော့ ဝသုန်တို့ကလည်း
သူ့အနောက်ကနေ အပြေးလေး ထွက်လာပြန်သည်။

ဘုံကြိုးပြတ်တဲ့ ကဝေပျိုWhere stories live. Discover now