အခန်း ၉

55 6 1
                                    

Unicode

"ပြန်လာမယ်ဆိုတာ ကိုယ့်ကိုလည်းကြိုမပြောဘူး မိုးရယ်
လာကြိုလို့ ရတာပေါ့!!

နီးစပ်ရာ ကဖေးဆိုင်မှာ မြူခိုးငွေ့ရယ် နိုင်ထက်ရယ်
မိုးရနံ့တို့ပါ အတူထိုင်ရင်း စကားဖောင်ဖွဲ့နေကြသည်ဖြစ်၏။
မြူခိုးကတော့ ရောက်ကတည်းက မိုးနဲ့ ဦးနိုင်တို့စကား
ပြောတာကိုသာ နားထောင်ရင်း မှာထားသမျှကို ငြိမ်ငြိမ်လေး
စားနေမိသည်။

မိုးကြောင့် တောက်တောက်ပပ ပြုံးနေတဲ့ ဦးနိုင်ကို
မြင်တဲ့အခါ ရင်ထဲဖျင်းခနဲ ဖြစ်သွားတာကြောင့် ခေါင်းပင်
မဖော်ရဲပါ။

"ကြိုပြောရင် နိုင့်ကို အံ့ဩအောင်ဘယ်လုပ်နိုင်တော့မလဲ"

"အင်း ထားပါတော့ ကိုယ်ဒီမှာရှိမှန်းဘယ်လိုသိလဲ"

"ဒါက လွယ်ပါတယ် အာကာကိုဖုန်းဆက်ပြီး
မေးလိုက်တာပေါ့ သူ့ကိုအပြစ်မတင်ပါနဲ့ မိုးက နိုင့်ကို
ပြန်မပြောဖို့ ‌တမင်တောင်းဆိုထားတာ"

နိုင်ထက်က ခေါင်းအသာညိတ်ရင်း အပြုံးတို့သည်လည်း
အတောမသတ်နိုင်တော့ပေ။ သူ့အနေနဲ့ မိုးရောက်လာခြင်း
အပေါ်မှာ ပျော်တာမှအတိုင်းထက်အလွန်ပင်။ သူ့လိုဆို
မိုးကို အခုချက်ချင်း လက်ထပ်ခွင့်တောင်းချင်သော်လည်း
ဘယ်ကနေဘယ်လိုစရမှန်း သူမသိတာကြောင့်ငြိမ်နေရခြင်း။

နိုင်ထက် မတက်မြောက်သေးသည့်အရာက
တစ်စုံတစ်ယောက်ကို ဘယ်လိုချစ်ရမလည်းဆိုတာပင်။
အိမ်ပြန်ရောက်မှ မြူခိုးငွေ့ဆီကနေ သင်ယူဖို့ စိတ်ထဲမှာ
တွေးထားလိုက်တော့၏။

"ဒါလေးက မြူခိူငွေ့ မဟုတ်လား!!

မိုးရနံ့က သံပရာရည်ကိုမသောက်ပဲ ပိုက်နဲ့မွှေနေပြီး
မေးလာခြင်းသာ..

"နိုင် တစ်ခါ မိတ်ဆက်ပေးဖူးတယ်လေ မိုးမှတ်မိတယ်"

"ဟုတ်တယ် မိုးရဲ့ သူလေးက မြူခိုးငွေ့တဲ့ ကိုယ့်ရဲ့
ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူးလေ"

"အပြင်မှာတွေ့တော့ ပိုချစ်စရာကောင်းတာပဲ"

မိုးက ချီးကျူးတော့ မြူခိုးရဲ့ပါးနှစ်ဖက်က ပန်းရောင်
သန်းသွားရသည်။

ဘုံကြိုးပြတ်တဲ့ ကဝေပျိုWhere stories live. Discover now