အခန်း ၈

49 7 1
                                    

Unicode

"မြူခိုး ဘာလုပ်နေတာလဲ!!

တံခါးအပြင်ကနေ ကြားလိုက်ရသည့် ဦးနိုင်အသံကြောင့်
မြူခိုး ခပ်သွက်သွက်ပဲ တံခါးပြေးဖွင့်ရသည်။

"ဦးနိုင် !!

"ခဏနေ ညီညီတို့လည်း လာလိမ့်မယ် မြူခိုးရဲ့
အပြင်ထွက်ခဲ့တော့လေ

"ဟုတ် လုပ်စရာကတော့မရှိပါဘူး ဦးနိုင်အတွက်
ညစာပြင်ပေးရမလား"

"မလိုတော့ဘူး ညီညီတို့ ဝယ်လာလိမ့်မယ်
ကိုယ်သူတို့ကိုပြောထားတယ် မင်းလည်းရှိတယ်လို့"

"ဟုတ် ဦးနိုင် !!

မြူခိုး တုန့်ဆိုင်းမနေတော့ဘဲနဲ့ ဦးနိုင်နောက်ကနေ
ကုတ်ကုတ်လေး လိုက်လာခဲ့သည်။ ခြံထဲမှာ ဘယ်ချိန်က
ဦးနိုင်ပြုလုပ်ထားမှန်းမသိသည့် မီးပုံလေးကိုလည်းတွေ့ရသည်။
ထို့နောက် ဦးနိုင်နဲ့အတူ ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်၏။

"ဗိုက်ဆာနေပြီလား"

"ဟင့်အင်း မဆာသေးပါဘူးဗျ"

"ပြီးရော!!

နှစ်ယောက်သား ခဏလောက်တိတ်ဆိတ်သွားကြသည်။
ပြီးမှ ဦးနိုင်ဘက်က စကားစလာ၏။

"ဪ... မင်းကို မေးစရာရှိတယ် မြူခိုး"

"ဟုတ် မေးလေ"

"မင်းရဲ့အချစ်ဦးနဲ့ အဆက်သွယ်မရဘူးလား"

"အဲ့အချိန်ကတည်းက အဆက်သွယ်ပြတ်သွားခဲ့တာလေ
အခုထိပဲဆိုပါတော့ အဲ့တုန်းကတော့ အသေအလဲ
ခံစားခဲ့ရတာ နောက်တော့ အနည်ထိုင်သွားတယ်"

"ဟုတ်လား ဒါဆို အခုတွေ့ခွင့်ရရင် တွေ့ချင်လား!!

"ဒါပေါ့ တွေ့ချင်တယ် မေးစရာလည်းရှိလို့"

ကောင်လေးက ဘာတွေများမေးစရာရှိနေတာလည်းဆိုပြီး
တွေးမိရင်း မျက်ခုံးပင့်မိသွားသည်။ ကိုယ်တိုင်ကလည်း
ဘာဖြစ်လို့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေလျှောက်ပြီး
မေးနေမိလည်းမစဉ်းစားတတ်တော့ချေ။

"ပြတ်သွားတဲ့ဟာ မင်းက ဘာတွေများမေးဦးမလို့လဲ"

"အကြောင်းပြချက် ကို သိချင်တာ အဲ့ဒါပဲ!!!

ဘုံကြိုးပြတ်တဲ့ ကဝေပျိုWhere stories live. Discover now