အခန်း ၇

85 9 2
                                    

Unicode

နေရောင်ဖျော့ဖျော့က မျက်နှာပေါ် ဖြာကျလာသည့်အခါ
နိုင်ထက် မျက်လုံးအစုံကိုအားယူ ဖွင့်ကြည့်လိုက်သည်။
သို့ရာတွင် အခန်းပတ်ပတ်လည်ကို လိုက်ရှာကြည့်သော်ငြား
ဘာဆိုဘာမှမတွေ့ချေ။ သူသတိမလစ်သွားခင်တုန်းက
မြူခိုးရောက်လာတာကို ထင်ရှားစွာမှတ်မိနေ၏။
မြူခိုးက သူ့ကိုမနှုတ်ဆက်ဘဲ ပြန်သွားတာများလား။

တွေးမိပြန်တော့ နိုင်ထက် စိတ်ပျက်သွားရ၏။
မြူခိုးနှုတ်မဆက်ပဲပြန်သွားလို့လား ဒါမှမဟုတ် မြူခိုးရဲ့
မျက်နှာကို မတွေ့ရလို့စိတ်မကျေနပ်တာလားဆိုတာကတော့
သူလည်းမသိပါ။

မြူခိုးရောက်လာပြီးနောက်ပိုင်း သူ့မှာစကားပြောဖော်
တစ်ယောက်ရခဲ့ပြီး သူကိုယ်တိုင်ကလည်း လူကို
သိပ်ကပ်လွန်းနေတာ သူသတိထားမိပါသည်။

ထိုစဉ် တံခါးပွင့်လာခြင်းနဲ့အတူ မြင်ချင်တဲ့ မျက်နှာလေးက
မြင်ကွင်းရှေ့ကိုထင်ရှားစွာ ပေါ်လာခဲ့၏။

"ခင်ဗျားနိုးပြီလား"

စိတ်တွေလေးလံနေသည့်ကြားမှ မြူခိုးကိုမြင်လိုက်ရတော့
မျက်လုံးအရောင် တောက်လာတာကို သတိမထားမိ။
အိပ်ယာပေါ်ကနေ ကုန်းရုန်းထတော့ မြူခိုးက သူ့အနားကို
လှစ်ခနဲရောက်လာတော့သည်။

"ဖြည်းဖြည်းထပါ!!

"မြူခိုး မင်းတစ်ညလုံး ဒီမှာရှိနေတာလား"

"အင်း ဟုတ်တယ် ခင်ဗျားကိုစိတ်မချလို့လေ
ကဲပါ ရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့တော့ ကျွန်တော်
ခင်ဗျားနဲ့အတူ ရက်နည်းနည်းလောက် လာနေပေးမယ်"

"တကယ်ပြောနေတာလား"

"အင်း ဟုတ်တယ် "

"ဒါဆို အခုပြောင်းလာနေတော့"

"အွန်း ခင်ဗျားအတွက် မနက်စာ အဆင်သင့်ဖြစ်ပြီ"

Ring

ကျယ်လောင်သည့်ဖုန်းသံကြောင့် မြူခိုးဖုန်းကိုကြည့်တော့
ဝသုန်ဆီကဖြစ်နေ၍ မကိုင်လို့မရတော့ပေ။

"ခဏ!! ဝသုန်ဆီကဖုန်းလာလို့"

"အိုခေ!!

ထို့နောက် ပြုံးရင်း ဖုန်းကို ကိုင်ကာနားနားကပ်လိုက်တော့
တစ်ဖက်က ဝသုန်ရဲ့ စူးခနဲအသံကြီးက နားထဲကို
ခါးသပ်စွာ ဝင်လာ၏။

ဘုံကြိုးပြတ်တဲ့ ကဝေပျိုWhere stories live. Discover now