အခန်း ၅

65 14 0
                                    

Unicode

နီးစပ်ရာ ကဖေးဆိုင်တစ်ခုမှာ မြူတို့၄ယောက် တစ်ဝိုင်းထဲ
အတူထိုင်ကြ၏။ နေရခက်စွာ တစ်ယောက်ကို တစ်ယောက်
စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေမိကြသည်။ ခဏကြာမှ
ကိုကောင်းကင်လွှားရဲ့ ခင်ပွန်းဆီကနေ စကားသံတစ်ခုက
ခပ်လွင်လွင် ထွက်လာပါသည်။

"အဲ့တော့ နိုင်တို့ရဲ့ ပတ်သတ်မှုက ဘာလဲ!!

"ဟုတ်သားပဲ ကိုကို ဒီကလေးနဲ့ ကိုကို့ရဲ့ပတ်သတ်မှုကို
ပြောပြသင့်ပြီထင်တယ်"

နိုင်ထက်က သူ့ညီရဲ့ သိချင်စိတ်ပြင်းပြသည့် မျက်နှာ
သွင်ပြင်ကြောင့် မပြုံးဘဲမနေနိုင်တော့ပေ။ ထို့ကြောင့်
စားပွဲပေါ်တင်ထားသည့် မြူခိုးရဲ့ လက်လေးတစ်ဖက်အား
ဆုပ်ယူကိုင်လိုက်၏။

"သူက ငါ့ရဲ့ဟန်ဆောင်ရည်းစား!!!

"ဘာဖြစ်တယ်!!

ဦးနိုင်ရဲ့စကား‌ကြားသည့်အခါ ဦးနိုင်ရဲ့ညီ ကိုကောင်းကင်လွှားက
တအံ့တဩ ဖြစ်သွားသလို မှူးကလည်း မျက်ခုံးတစ်ချက်
ပင့်သည်။ ထိုစကားက သူတို့ကို ဘာတွေများ အဲ့လောက်ထိ
ထိတ်လန့်စေလည်းဆိုတာကို မြူခိုးလည်း မသိတော့ချေ။

"ဟန်ဆောင်ရည်းစား ဟုတ်လား ကိုကို"

"ဟုတ်တယ် ညီညီ ဒါကဘာထူးဆန်းလို့လဲ"

"ထူးဆန်းတာပေါ့ ဒါ‌ဖြင့် ကိုကို့ရဲ့ မိုးကရော
ဘာဖြစ်သွားပြီလဲ စိတ်ထဲကနေထုတ်နိုင်သွားပြီလား"

ကိုကိုက မိုးကို ဘယ်လောက်ထိ ရူးခဲ့သလည်းဆိုတာ
ကိုကို့ရဲ့အနီးဆုံးမှာ နေခဲ့ရလို့ လွှားသိပ်သိတာပေါ့။ သို့သော်
ကိုကိုက မိုးနဲ့ပတ်သတ်ရင် သိပ်အေးဆေးနိုင်လွန်းသည်။
စိုးရိမ်ပူပန်မှုနည်းနည်းမှမရှိ။ မိုးမှမဟုတ်ဘူး ကိုကိုလုပ်တဲ့
တစ်ခြားဘယ်အရာမဆို သိပ်အေးဆေးနိုင်လွန်းသည်။
ငါလုပ်ရင်ဖြစ်တယ်..။ အချိန်တန်ငါပိုင်မှာပဲဆိုတဲ့ စိတ်သာ
ကိုကို့မှာရှိ၏။ ဒါကြောင့် မိုးက ချစ်နေပါလျက်နဲ့ ဩစတေးလျကို ထွက်သွားခဲ့သည်မဟုတ်ပါလား။

အရင်ကလည်း ၃ကြိမ်တိတိ လက်ထပ်ဖူးသော်လည်း မိုးက
ထိုကိစ္စတွေနဲ့ ပတ်သတ်ရင် အေးဆေးနိုင်လွန်းသည်ဟု
ကိုကိုက ခဏခဏရင်ဖွင့်ဖူး၏။ အခုတစ်ကြိမ် မိုးအကြောင်းကို
ကိုကို့အားပြောလိုက်တော့ အရင်ကလိုနူးညံ့သည့်အရိပ်ယောင်
တစ်ချို့ကိုတွေ့ရသောကြောင့် ကိုကို မိုးကို မမေ့သေးဘူး
ဆိုပြီး ကောက်ချက်ချလိုက်တော့၏။

ဘုံကြိုးပြတ်တဲ့ ကဝေပျိုWhere stories live. Discover now