နိဒါန်း

23 1 0
                                    

မင်အင်ပါယာခေတ်၊
ကျန့်တဲဧကရာဇ် ဒုတိယနန်းစံနှစ်၊
(၈)လပိုင်း (၆)ရက်နေ့၊
ညသန်းခေါင်ယံအချိန်။

မဟူရာကောင်းကင်ယံ၌ ဆန်းသစ်စ လခြမ်းကွေးလေးက ကြယ်များစွာနှင့်ခြံရံလျက် ကြည်လင်တောက်ပစွာ သာနေလေ၏။

ယခင်ဧကရာဇ်လက်ထက် တစ်လျှောက်လုံး တည်ငြိမ်အေးချမ်းနေခဲ့သော အင်ပါယာအာဏာစက်သည် ငယ်ရွယ်သော သားတော်ဧကရာဇ်၏ ညံ့ဖျင်းသော အုပ်ချုပ်မှုအောက်တွင် စတင်ယိုယွင်းလာခဲ့လေ၏။

ဧကရာဇ်ငယ်မှာ အင်ပါယာကို စီမံအုပ်ချုပ်ရန် စိတ်မဝင်စားဘဲ အပျော်အပါးနှင့် ဧကရာဇ်စည်းစိမ်၌သာ ပျော်မွေ့နေခဲ့သည်။ ထို့အပြင် ယခင်ဧကရာဇ်လက်ထက်က သစ္စာရှိ အရည်ချင်းရှိ အမှုထမ်းကောင်းများကို နေရာမပေးဘဲ မင်းအလိုလိုက် မင်းအကြိုက်ဆောင်သည် မင်းမြှောင်အမှုထမ်းများကို နေရာပေးကာ အင်ပါယာနှင့် လူထုကို မျက်ကွယ်ပြုထားခဲ့လေသည်။

ထို့ကြောင့် တည်ငြိမ်အေးချမ်းနေခဲ့သော နယ်ခြားဒေသတွင် မွန်ဂိုနယ်စပ်စစ်မီးများက ပြန်လည် တောက်လောင်ရန် အစပျိုးလာခဲ့သည်။

အင်ပါယာအတွင်း၌လည်း အာဏာအလွဲသုံးသည့် အမှုထမ်းများကြောင့် လူထု၏ စားဝတ်နေရေး စီးပွားရေးမှာ ယိုယွင်းလာခဲ့သည်။ ထိုအခါ တောင်တန်း၊ လွင်ပြင်နှင့် ပင်လယ်ပြင်တွင် သူခိုးဓားပြများ ထွက်ပေါ်လာတော့သည်။

နှစ်ရှည်ဆင်နွှဲခဲ့ရသော အင်ပါယာစစ်ပွဲများကြောင့် ပိုးလမ်းကုန်သွယ်မှုအစား ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အားကိုးနေရချိန်တွင် ပင်လယ်ဓားပြ ထကြွမှုက အင်ပါယာ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ထိုအခါ အင်ပါယာ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးသည် အရှိန်အဟုန်နှင့် ကျဆင်းသွားတော့သည်။

ခေတ်တစ်ခုကား ဤသို့နှင့် ပျက်စီးမည့် လက္ခဏာများ တစ်စပြီးတစ်စ ပေါ်ထွက်လာခဲ့သည်။ ထိုအတိုင်းသာ ရှေ့ဆက်သွားလျှင် မကြာမီတွင် ပုန်ကန်ထကြွမှု အာဏာလုမှုများ ဖြစ်ပေါ်လာပေတော့မည်။

ETERNAL LIFE ETERNAL LOVE(first life)Where stories live. Discover now