အခန်း(၄) ​ဘိုး​ဘေးမှတ်တမ်း

4 1 0
                                    

အခန်း(၄) ​ဘိုး​ဘေးမှတ်တမ်း

ရှောင်ပိုင်ချွမ်းက ကမ္ပည်းစင်ရှေ့တွင်  ဒူးထောက်ထား၍ ဂါရဝပြုလိုက်သည်။

“ဘိုး​ဘေးကြီးခင်ဗျား။ ညံ့ဖျင်းတဲ့ ကျွန်တော် ရှောင်ပိုင်ချွမ်းကို ခွင့်လွှတ်ပြီး ရှောင်မျိုးဆက်ကို ကယ်တင်ပေးပါခင်ဗျား။ ​ရှောင်မျိုးဆက်အ​ရေး​အတွက် ဘိုး​ဘေးရဲ့ မှတ်တမ်းကို ကြည့်ခွင့်ပြုပါခင်ဗျား”

ထို့နောက် ပြန်ထရပ်ပြီး သေတ္တာနက်ကို တရိုတသေ လှမ်းယူလိုက်သည်။

သေတ္တာ​နက်ကို ​မည်သို့သော ကျောက်နက်ဖြင့် ပြုလုပ်ထားသည်ကို ရှောင်မျိုးဆက်များ မသိခဲ့ရပါ။ ​ဘိုးဘေးကြီး၏ အမွေအနှစ်အဖြစ် ရှောင်မျိုးရိုး အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။

ကျောက်နက်သေတ္တာပေါ်တွင် လွန်စွာ​သေးငယ်ပြီး ရှုပ်ယှက်ခတ်နေသော မျဥ်းကြောင်းများ၊ သင်္ကေတများ၊ ထူးဆန်းသော ရုပ်ပုံများနှင့် ပြည့်နက်နေ​၏။ သေတ္တာအဖုံးပေါ်တွင် ရှေးဟောင်းအက္ခရာဖြင့် ရေးထွင်းထားသည့် ‘ရှောင်မိန်’ဟူသော စာလုံးတစ်လုံး ရှိသည်။

ရှောင်ပိုင်ချွမ်းက ကျောက်နက်သေတ္တာကို အင်္ကျီလက်အိုးထဲ ထည့်ပြီး ယူခဲ့လိုက်သည်။

ရသေ့ကြီး၏ အခန်းသို့ ရောက်သောအခါ ရသေ့ကြီးက ထိုင်ခုံတွင် အဆင်သင့် ထိုင်စောင့်နေသည်။

ရှောင်ပိုင်ချွမ်းက သူယူလာသော ကျောက်နက်သေတ္တာကို စားပွဲပေါ်တွင် တင်​ပေးလိုက်​သည်။

“ဆရာကြီး လေ့လာကြည့်ပါ ခင်ဗျ”

ရသေ့ကြီးက ကျောက်နက်သေတ္တာပေါ်ရှိ ​ရှေး​ဟောင်းအက္ခရာကို ကြည့်ပြီး ​ခေါင်းတညိတ်ညိတ်နှင့် မှတ်ချက်ချသည်။

“ဒါ ကျိုး​ခေတ်က စာပေအ​ရေးသားပဲ။ ဒဏ္ဍာရီ​တွေထဲ ​ပြောကြသလိုပဲ။ ပညာရှိကြီးက ကျိုး​ခေတ်မှာ ​ပေါ်ခဲ့တာဖြစ်မယ်”

ထို့​နောက် ​သေတ္တာ​ပေါ်က အမှတ်အသားများ၊ မျဥ်းများ၊ သင်္ကေတများနှင့် ထူးဆန်းသော ရုပ်ပုံများကို စိတ်ဝင်စားစွာ ဆက်လေ့လာသည်။

ETERNAL LIFE ETERNAL LOVE(first life)Where stories live. Discover now