အခန်း(၂၈) ရှောင်မျိုးဆက်

0 0 0
                                    

* အခန်း(၂၈) ရှောင်မျိုးဆက်

ထိုစဥ်...

စာကြည့်ဆောင်မှူးက တောင်ခါးပန်းပေါ်သို့ လျင်မြန်စွာ ပြေးတက်လာသည်။ တဲအနားသို့ရောက်သည်နှင့် ရသေ့ကြီးကို ဝမ်းသာအားရ ပြောလိုက်သည်။

“ဆရာကြီး…၊ ရှောင်ပိုင်ချွမ်းကို ခေါ်။ တောင်နှာမောင်းကို သွားကြမယ်”

စာကြည့်ဆောင်မှူးက ဝမ်းသာအားရပြောလိုက်သော်လည်း ရသေ့ကြီး၏ မျက်နှာက ညိုးငယ်နေသဖြင့် တဲအတွင်းသို့ လှမ်းကြည့်သည်။

“ရှောင်ပိုင်ချွမ်း ဘယ်ရောက်သွားပြီလဲ”

ရသေ့ကြီးက တောင်ခါးပန်းအစွန်ရှိ ရှောင်ပိုင်ချွမ်း၏ မြေပုံကို လက်ညိုးညွှန်ပြသည်။

စာကြည့်ဆောင်မှူးက မြေပုံကိုမြင်လျှင် ခဏကြာ မှင်တက်သွားပြီး အလွန်စိတ်မကောင်းဖြစ်သွားရသည်။

“ဒါက…”

ရသေ့ကြီးက စာကြည့်ဆောင်မှူးကို  မေးသည်။

“ရှန်းမေရော ဘယ်မှာလဲ”

“ဟိုတောင်နှာမောင်းမှာ။ လာ။ အမြန်သွားကြရအောင်”

စာကြည့်ဆောင်မှူးက ပြောပြီးသည်နှင့် ပြန်ပြေးထွက်သွားသည်။

ရသေ့ကြီးလည်း နှင်းပန်း၏ လက်တစ်ဖက်ကို ဆွဲ၍ နောက်က ပြေးလိုက်သွားသည်။

နှစ်ယောက်လုံး၏ ကိုယ်ဖော့ပညာက ကောင်းမွန်လှသဖြင့် ခဏအတွင်းမှာပင် လျှိုအောက်သို့ ရောက်သွားပြီး ထိုမှတစ်ဆင့် တောင်နှာမောင်းပေါ်သို့ ဆက်၍ ပြေးတက်သွားကြသည်။

ရသေ့ကြီးက ပြေးနေရင်း နှင်းပန်းကို အကဲခတ်သည်။ နှင်းပန်းမှာ ခုနှစ်နှစ်ခန့်သာရှိသေးသော်လည်း အထွတ်ထိပ်ကိုယ်ဖော့ပညာဖြင့် ဆွဲခေါ်လာခံရသည်ကို ကြောက်ရွံ့စိုးရိမ်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်နှင့် အလိုက်သင့်လိုက်လာနိုင်သည်။

ရှေ့မှ ပြေးနေသော စာကြည့်ဆောင်မှူးက တောင်နှာမောင်းပေါ်သို့ ရောက်လျှင် ရုတ်တရက် ရပ်လိုက်ပြီး နားမလည်သလို အမူအရာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။

ETERNAL LIFE ETERNAL LOVE(first life)Where stories live. Discover now