အခန်း(၂၅) ခွန်လွန်အမိန့်တံဆိပ်ပြား

8 1 0
                                    

အခန်း(၂၅) ခွန်လွန်အမိန့်တံဆိပ်ပြား
       
“အား…”

ရှန်းမေက ရသေ့မ၏ ရက်စက်သော လျှပ်တစ်ပြက် ဓားချက်ကို မြင်ပြီး အလန့်တကြား အော်လိုက်သည်။

ရှောင်ပိုင်ချွမ်းက ဒေါသတကြီးလှသော ရသေ့မကြောင့် ရှန်းမေကိုပါ ထိခိုက်သွားမှာ စိုးရိမ်၍ ရှန်းမေ၏ ခါးကို အမြန်ဆွဲဖက်ပြီး ရှောင်တိမ်းလိုက်သည်။

“ဖျတ်…ဖျတ်…”

ရှောင်ပိုင်ချွမ်းလည်း စိတ်တိုသွားသည်။ သူသာ ပထမရှောင်တိမ်းကွက်ကို နားမလည်နေခဲ့လျှင် ရသေ့မ၏ ဓားချက်ကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ ထိုဓားချက်ကြောင့် သူရော ရှန်းမေပါ ထိခိုက်သွားနိုင်သည်။

“ခင်ဗျား…။ ရသေ့မဖြစ်ပြီး ရက်စက်လှချည်လား။ ကျုပ်သာ မရှောင်နိုင်ခဲ့ရင် ထိခိုက်သွားနိုင်တယ်ဗျ”

ရှောင်ပိုင်ချွမ်း၏ စကားကြောင့် ရသေ့မက ပို၍ဒေါသထွက်လာပြီး ရှောင်ပိုင်ချွမ်း ထပ်မံတိုက်ခိုက်ပြန်သည်။

“ရက်စက်တော့ ဘာဖြစ်လဲ။ ကဲ”
“ဝှစ်…”
“ဖတ်”

“စကားနဲ့ ​ပြေ​လည်အောင် ပြောကြပါ။လက်မပါကြနဲ့”
      
ဘေးတွင် ရှိနေသော ရသေ့ကြီးက မနေသာတော့ဘဲ ရသေ့မ၏ ဓားချက်ကို ဝါးနက်တုတ်ဖြင့် တားဆီးထားလိုက်သည်။

ရသေ့မမှာ ဓားကို ရှေ့တိုးလည်း မရ၊ နောက်ဆုတ်လည်း မရ ဖြစ်နေတော့သည်။ ဓားက ဝါးနက်တုတ်တွင် ကပ်နေလေ၏။

ရသေ့ကြီးက ဝါးနက်တုတ်ကို အသာလှုပ်လိုက်ရာ ရသေ့မမှာ လူရော ဓားပါ နောက်ဆုတ်သွားသည်။

“ထန်း…”

စည်းကမ်းထိန်းရသေ့မက ရသေ့ကြီး၏  ဝါးနက်တုတ်သိုင်းနှင့် ရှောင်ပိုင်ချွမ်း၏ ထူးဆန်းသော ရှောင်တိမ်းသိုင်းကွက်ကို မြင်လျှင် မျက်မှောင်ကုတ်သွားသည်။

“မင်းတို့ ဘာငြင်းချင်သေးလဲ။ သုံးလိုက်တဲ့သိုင်းကွက်တွေက လမ်းမှန်သိုင်းကွက်တွေမဟုတ်ဘူး။ လမ်းလွဲသိုင်းတွေ။ ဟိုမိစ္ဆာမကြီးနဲ့ တစ်ဖွဲ့တည်းပဲ ဖြစ်ရမယ်”

ပြောပြီးသည်နှင့် နောက်လိုက်ရသေ့မများကို အမိန့်ပေးတော့သည်။

ETERNAL LIFE ETERNAL LOVE(first life)Where stories live. Discover now