အခန်း(၂၃) သမီး​လေးလား

6 1 0
                                    

အခန်း(၂၃) သမီး​လေးလား

ရှောင်ပိုင်ချွမ်းနှင့် ရှန်းမေက ထိုင်ရာမှထပြီး ကျေးဇူးရှင်ရသေ့ကြီးကို ဂါရဝပြုနှုတ်ဆက်ကြသည်။

“ညီမလည်း ပင်ပန်းထားတာဆို​တော့ စောစောအနားယူနော်။ လာ။ ညီမကို အခန်းထဲ လိုက်ပို့ပေးမယ်”

“ဟုတ်ကဲ့ အစ်ကို”

ရှောင်ပိုင်ချွမ်းက ရှမ်းမေ၏ ပခုံးကို ဖက်ထားသည်။ ရှန်းမေက ရှောင်ပိုင်ချွမ်း၏ ရင်ခွင်ကို မှီ၍ တဲဆီသို့ လျှောက်သွားကြသည်။

ရှောင်ပိုင်ချွမ်းက ရှန်းမေကို သူမအတွက် ပြုလုပ်ပေးထားသော အခန်းထဲသို့ပို့ပေးပြီး အိပ်ပျော်သည်အထိ စောင့်ပေးသည်။ ချစ်ခြင်း​မေတ္တာများအပြင် ကြင်နာမှုနှင့် ဂရုစိုက်မှု အလစ်လပ်မရှိဖူး​​သော ဇနီးမောင်နှံနှစ်ယောက်ဖြစ်၍  တစ်ယောက်အပေါ်တစ်ယောက် အလိုက်သိနားလည်မှုကလည်း ပြည့်စုံလျက်ပင်။

“အစ်ကိုလည်း စောစောအနားယူပါနော်”

ရှန်းမေက ရှောင်ပိုင်ချွမ်း မအိပ်သေးဘဲ ရှောင်မှတ်တမ်းကို ဆက်လေ့လာနေမည်ကို သိနေ၍ ပြောသည်။

ရှောင်ပိုင်ချွမ်းက ရှန်းမေ၏ ဆံပင်လေးများကို ပွတ်ပေးပြီး မြတ်နိုးစွာငုံ့ကြည့်သည်။

“အစ်ကို့အတွက် ပူနေပြန်ပြီ။ အစ်ကို ဂရုစိုက်ပါတယ် ညီမရဲ့။ အစ်ကို နေကောင်းနေမှ ညီမကို ဂရုစိုက်နိုင်မှာ မဟုတ်လား။ အစ်ကို နေကောင်းနေမှ ညီမ စိတ်မပူမှာ မဟုတ်လား။ ဒါကြောင့် အစ်ကို့ကျန်းမာရေးကို အမြဲဂရုစိုက်ပါတယ်ကွယ်။ စိတ်မပူနဲ့နော်”

ရှန်းမေက ရှောင်ပိုင်ချွမ်း၏ ခန့်ညားသော မျက်နှာပေါ်မှ အကြင်နာရိပ်များကို ကြည့်မဝအောင် ဖြစ်နေပြီး ကြည်နူးနေမိသည်။

“ဒါဆို ညီမ အိပ်တော့မယ်နော် အစ်ကို”

“အိပ်… အော် နေဦး အကြင်နာအနမ်းလေးတွေ မပေးရသေးဘူး။ ရော့…အင့်…”

ရှောင်ပိုင်ချွမ်းက ပြောပြောဆိုဆိုနှင့် ရှန်းမေ၏ နဖူးလေးပေါ်သို့ ကြင်နာစွာ ငုံ့နမ်းလေသည်။

ETERNAL LIFE ETERNAL LOVE(first life)Donde viven las historias. Descúbrelo ahora