အခန်း(၁၉) အဆိပ်က​ဝေ

3 1 0
                                    

အခန်း(၁၉) အဆိပ်က​ဝေ

ရှောင်ပိုင်ချွမ်းနှင့် ရသေ့ကြီးတို့သည် တည်းခိုခန်းအနီးသို့ ပြန်ရောက်လျှင် လူချင်းခွဲ၍ ရသေ့ကြီးက ဦးစွာဝင်သွားလိုက်သည်။ ရသေ့ကြီးဝင်သွားပြီး အတန်ငယ်ကြာမှ ရှောင်ပိုင်ချွမ်းက တခြားဧည့်သည်များနှင့် ရောပြီး ဝင်လိုက်သွားသည်။

ဧည့်ကြိုခန်းမနှင့် စားသောက်ခန်းမထဲတွင် ဧည့်သည်များက ကိုယ့်စိတ်ကူးနှင့်ကိုယ် သွားလာလှုပ်ရှား စားသောက်နေကြသည်။ ဝန်ထမ်းမိန်းမပျိုလေးများကလည်း ရှောင်ပိုင်ချွမ်းကို ဂရုမစိုက်အားကြပါ။

ရှောင်ပိုင်ချွမ်းဝင်လာသည်ကို တခြားလူများ သတိမထားမိကြသော်လည်း  စားသောက်ခန်းမထဲမှ နဂါးစိမ်းဂိုဏ်းသားနှစ်ယောက်က ရှောင်ချွမ်းကို မျက်စိဒေါက်ထောက်ကာ စောင့်ကြည့်နေကြသည်။

တခြားမျက်လုံးနှစ်စုံကလည်း ရှောင်ပိုင်ချွမ်းကိုရော နဂါးစိမ်းဂိုဏ်းသားနှစ်ယောက်ကိုပါ မသိမသာ အကဲခတ်နေကြသည်။

ထိုမျက်လုံးနှစ်စုံအနက်မှ မျက်လုံးတစ်စုံ၏ ပိုင်ရှင်မှာ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး ဦးထုပ်​အနက်ကို ဆောင်းထားကာ ဦးထုပ်အနားစွန်းတွင် ဇာပုဝါနက်ကို ချ၍ မျက်နှာကို ဖုံးကွယ်ထား၏။

သူ့လက်ထဲတွင် ​ထိပ်ပိုင်းကို အဝတ်နက်ဖြင့် အုပ်ထား​သော ​တောင်​ဝှေးတစ်​ချောင်းကို ကိုင်ထားသည်။ ​တောင်​ဝှေး​ကို ကိုင်ထားသော လက်တွင်လည်း လက်အိတ်အနက်ကို စွပ်ထား​သေးသည်။

ကျန်မျက်လုံးတစ်စုံမှာ ထိုတောင်ဝှေးကိုင် ဝတ်စုံနက်နှင့် တစ်ဝိုင်းတည်း ထိုင်နေသော ခုနှစ်နှစ်ခန့်ရှိမည့် မိန်းကလေးဖြစ်သည်။ ထိုမိန်းကလေးသည်လည်း အနက်​ရောင်ဝတ်စုံကိုပင် ဝတ်ဆင်ထား​သည်။ သူမ၏ မျက်နှာကိုတော့ မဖုံးကွယ်ထားပါ။ သူမ၏ မျက်နှာ​လေးမှာ နှင်းပွင့်လေးလို ရှင်းသန့်ကြည်လင်​နေ၏။ အသက်မှာ ငယ်ရွယ်​သေး​သော်လည်း မိန်းမလှတစ်​ယောက် ဖြစ်လာမည့် မျက်နှာအ​နေထားမျိုး ရှိသည်။ ရှည်လျားနက်မှောင်နေသော ဆံပင်ရှည်ကို ကျစ်ဆံမြီးနှစ်ချောင်း ကျစ်ထား၏။ သူမ၏ လက်ထဲတွင် ကျောက်စိမ်းပုလွေရှည်တစ်ချောင်းကို ကိုင်ထားသည်။

ETERNAL LIFE ETERNAL LOVE(first life)Nơi câu chuyện tồn tại. Hãy khám phá bây giờ