တကယ်က ဒီပွဲက မိနစ်၂၀နဲ့ ပြီးမယ့် ပွဲမျိုးတော့မဟုတ်။ မီဒီယာတွေ အများကြီးလာမယ့်ပွဲမျိုး။ဒီပွဲကို ထိုင်းနိုင်ငံနဲ့အရှေ့တောင်အာရှမှာတင်မကပဲ နိုင်ငံတကာအထိ ဖောက်နေတဲ့ LTRK ကုမ္ပဏီရဲ့ ဥက္ကဌအနေနဲ့ ပါတနာတစ်ယောက် ခေါ်သွားမယ်ဆိုရင် ဒီသတင်းက ညထဲက internet မှာ Trending ဖြစ်မယ့် သတင်းဖြစ်သလို မနက်ဖြန်မနက် သတင်းစာတွေရဲ့ခေါင်းကြီးပိုင်းမှာလဲ သေချာပေါက်ပါလာမှာပင်။
"Honey ကိုယ်အဝတ်အစားတွေ ပြင်ဆင်ခိုင်းထားတယ် ခဏပြင်ဆင်လိုက်အုံး ကိုယ်လဲ အဝတ်သွားလဲ လိုက်အုံးမယ်"
"ကျွန်တော့် အင်္ကျီတွေ ဆိုဒ်သိလို့လား"
"Honey တစ်ကိုယ်လုံး ကိုယ်အလွတ်ရတယ် သွားဝတ်ကြည့်လိုက်"
"- - - " ရဲနေတဲ့ မျက်နာနဲ့ အဝတ်လဲခန်းထဲဝင်သွားတဲ့ ကောင်လေးဟာ ချစ်စရာ။
အဝတ်အစားလဲပြီးတဲ့ ကောင်လေးကို မိတ်ကပ်လိမ်းပေးမယ်ဆိုကာခေါ်သွားကြသည်။မိတ်ကပ်ဆရာနဲ့ တပည့်လေးက မျက်နာနုနုလေးကို ကိုင်ကာ ချီးကျူးစကားတွေဆိုနေကြသည်။
"ဟယ် ဒီလောက်လှတာ အနုပညာအလုပ်လုပ်ပါလား" ဒီစကားက သူ့ကို ဒေါသထွက်စေသည်။အခုလို လူမသိသေးတဲ့ အနေနဲ့တောင် ဒီကောင်လေးနားမှာ ဝိုင်းနေကြလို့ သူ့မှာ ဒေါသထွက်ရတာ ဆံပင်တွေပါထောင်ချင်သည်။အနုပညာအလုပ်သာလုပ်လိုက်လို့ကတော့ သူနေ့တိုင်းသွေးတတ်နေရမှာ အသေအချာ။
မလိုအပ်ပဲ စကားတွေများလွန်းတဲ့ လူတွေကို ဒီတစ်ခါလိမ်းပြီးရင် နောက်ထပ် ဒီနယ်ပယ်ထဲမှာ ခြေချမရအောင်လုပ်ပစ်ရမလား ဒါမှမဟုတ် မဆိုင်တဲ့ စကားတွေပြောတဲ့ ပါးစပ်ကို အပ်နဲ့ ချုပ်ပစ်လိုက်ရမလား။
သူ့အတွေးတွေကို သူ့ခေါင်းထဲက အမြန်ပြန်ထုတ်ရသည်။ဒီနေ့အတွက် အဓိက ကိစ္စကိုပဲတွေးရမည်။ဒီညရဲ့ Main Mission က ဒီကောင်လေး အလှလေးက သူ့အပိုင်လေးပါလို့ မီဒီယာတွေကို သုံးကာ ကြော်ငြာဖို့ဖြစ်သည်။
ဒီအကြံက အစက မရသေး ဒီပွဲလာတတ်ဖို့ ဖုန်းဝင်လာမှ အခွင့်အရေးကိုအသုံးချရန် အကြံရလာတာ။ဘာပဲဖြစ်ဖြစ် သူ့အပိုင်လေး လုပ်ဖို့ငြင်းနေတဲ့ Honey ကိုလဲ ချည်ပြီးတုတ်ပြီး သိမ်းနိုင်မယ့် နည်းလမ်းမဟုတ်လား။
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanfictionJust a short story about Pondphuwin Pondphuwin Myanmar fanfiction