Pond Naravit နေရာကနေထသွားတာနဲ့ Annaဆိုတဲ့အမျိုးသမီးက စားပွဲဝိုင်းနားလာကာ
"တို့ စကားလေး နည်းနည်းပြောချင်လို့ ထိုင်မယ်နော် " ဟုဆိုလာသည်။
"ဟုတ်ကဲ့ " ဘယ်လိုစဉ်းစားစဉ်းစား နားမလည်နိုင်တာက သူတို့ကဘာပြောစရာတွေ ရှိနေလို့လဲ ဆိုတာပဲ။
"Khun Pondက ဒီလိုပွဲကို ပါတနာအနေနဲ့ ခေါ်လာတော့ သိပ်ကိုပျော်နေမယ်ထင်တယ်နော်"
"Hmm"
"ဘာပဲဖြစ်ဖြစ် တို့က ကြင်နာတတ်တော့ သတိပေးလိုက်မယ် မင်းရုပ်ကလေးက သနားကမားနဲ့ဆိုတော့ သနားလို့လေ တို့က ပွဲတတ်ခေါ်လာတဲ့ ပါတနာလေးဆိုပေမယ့် ကျန်ခဲ့ရင် ခံစားနေရမှာစိုးလို့လေ " ဟုဆိုကာ လှောင်ရယ်သံနှင့် စကားဆိုသည်။
" တို့ဒယ်ဒီနဲ့ Khun Pondတို့ မာမီနဲ့က မင်္ဂလာစကားတွေပြောထားကြတာကွာ။ဆိုလိုချင်တာကတော့ မင်းဘယ်လောက်ပဲကပ်နေနေ အချိန်တန်ရင် တို့နဲ့ပဲ မင်္ဂလာဆောင်ကြမှာကွာ သိလား ပြီးတော့ တို့ကြည့်ရသလောက်ကတော့ မင်းက Khun Pond ရဲ့ ဇယားလေးတွေထဲက တစ်ယောက်ပဲမလား "
"ဘာလို့ ဒါတွေလာပြောနေတာလဲ မသိဘူး"
"ဟ ရူးချင်ယောက်ဆောင်နေတာပဲ တို့တည့်တည့်ပြောမယ်
တို့က Lertrakosum အတွက် မျိုးဆက်မွေးပေးနိုင်တယ် ပြီးရင် နိုင်ငံခြားကနေကျောင်းပြီးလာတာ မိဘအသိုင်းအဝိုင်းကလဲ ချမ်းသာတယ် မင်းလိုလဲ သူရဲ့ တစ်ညတာ နှစ်ညတာ ဇယားမဟုတ်ဘူးကွာ သိလား""ဆိုတော့ "
"ကြည့်ရတာမင်းနားမလည်ဘူးထင်တယ် မင်းတို့ပတ်သတ်တဲ့ ပါတနာဆိုတာ အိပ်ရာပေါ်က အနွေးဓာတ်ပေးတဲ့ဆက်ဆံရေးပါပဲကွာ သိလား အချိန်တန်မင်းက ကျန်ခဲ့ရမှာမျိုးပဲ"
"ကျွန်တော်တို့ကိစ္စပါ ပြောစရာရှိတည့်တည့်ပြောပါ" ဒီအမျိုးသမီးပြောတာတွေကလဲ အမှားမပါ မှန်တာမို့ မျက်ရည်တွေက ချက်ချင်းတက်လာသည်။ငိုရင်အရှုံးပဲမို့ လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။
တကယ်စဥ်းစားလဲ Honey လို့ခေါ်နေပေမယ့် သူတို့မှာဆက်စပ်မှုမရှိ ခန္ဓာကိုယ်ချင်းထိတွေ့ကြတဲ့ ပတ်သတ်မှုပဲရှိသည်။အော်ကာငိုချင်လာသည်။ ဘဝမှာဒီလောက်ထိအစော်ကားမခံရဖူးဘူးး။
YOU ARE READING
This Pretty Boy is Mine ❤️🔥(PondPhuwin) ||Complete||
FanfictionJust a short story about Pondphuwin Pondphuwin Myanmar fanfiction