"တူ တူ တူ လူကြီးမင်း ခေါ်ဆိုသော"
တစ်ဖက်အော်ပရေတာမှ ပြောလာတဲ့စကားကို ဆုံးခန်းတိုင်အောင်ထိ နားမထောင်တော့ဘဲ သူချပစ်လိုက်တယ်။ အမှတ်သည်းချေမရှိဘူးဆိုတဲ့စကားက ဖူဝင်းဆိုတဲ့သူ့အတွက်များ ရှေးလူကြီးတွေချန်ထားခဲ့တယ်ထင်ပါ့။ အဟက်... ပါးစပ်ကသာဟားတိုက်ရယ်နေပေမယ့် သူ့ရဲ့မျက်နှာပေါ်က ပူနွေးနွေး မျက်ရည်တို့က အတားအဆီးမရှိ တသွင်သွင်စီးကျလို့..သူ့ရယ်သံနဲ့မှ မလိုက်။
"ကျစ်"
မကြိုက်ဘူး သူမုန်းလိုက်တာ ဒီမျက်ရည်တွေကို ဘယ်အချိန်များမှ ဒါတွေက ကုန်မှာလဲ မျက်နှာပေါ်က မျက်ရည်စတို့ကို ခပ်ကြမ်းကြမ်းသုတ်လို့ ပြတင်းပေါက်မှန်ကိုခဏတာ အာရုံလွဲသလို ကြည့်လိုက်တယ်။ကြည့်စမ်း မိုးတွေကျနေတာပဲ။ ကိုယ့်အပူနဲ့ကိုယ်မို့လားမသိ ဒီလောက် တအုံးအုံးရွာနေတဲ့ မိုးသံကိုသူတကယ်မကြားမိ။ ရုတ်တရက် လင်းသွားတဲ့လျှပ်စီးကြောင့် သူလန့်ပင်လန့်သွားမိတယ်။ ကောင်းကင်တစ်ခုလုံး မဲမှောင်ကာ တဂျိမ်းဂျိမ်းမြည်နေတဲ့ မိုးခြိမ်းသံတွေ၊ သူထက်ငါအပြိုင် မြေပြင်ကိုဆင်းသက်နေတဲ့ မိုးစက်မိုးပေါက်တွေ။
"အုံး ဒိုင်း"
တစ်စတစ်စစိမ့်တက်လာတဲ့ အအေးဒဏ်။ ဟုတ်သားပဲ သူကျောင်းကပြန်လာကတည်းက လက်ပြတ်လေးတစ်ထည်တည်းနဲ့ နေနေတာပဲ။ တခိုက်ခိုက်တုန်နေတဲ့ ခန္ဓာကိုယ်နဲ့မှမလိုက် သူ့ရဲ့စိတ်ကတော့ ဘာကိုမှအလုပ်မလုပ်တော့သလို ဗလာနတ္ထိ။ မဖြစ်သေးပါဘူးလေ သူဖျားရင် မောင်က စိတ်ပူနေမှာပေါ့။ မောင်က သူ့ကိုစိတ်ပူတတ်ပါတယ် အင်း..သေချာသာမဖော်ပြတတ်လို့ပါ။ အောင့်သက်သက်မုသားတွေက ဘယ်တော့မဆို အမှန်တရားကို ဖုံးလွှမ်းနိုင်စွမ်းမရှိဘူးဘဲ။ နားထဲ တစ်ချက်ချက် ဝင်ရောက်လာတဲ့မောင့်စကားတွေ။ သူမှတ်မိတာပေါ့ မောင်ဟာ ခုလိုမိုးရွာတဲ့အချိန်ဆို သူ့အိပ်ခန်းက အခန်းထောင့်နေရာတစ်နေရာမှာ အမွေပွစောင်တစ်ထည်ကို ကြိမ်ကုလာထိုင်ပေါ်ခင်းပြီး ပြတင်းပေါက်ကနေတစ်ဆင့် မိုးရွာတာကို အရသာရှိရှိထိုင်ကြည့်နေမယ်။ ပြီးရင် မောင်ဟာ သူ့ဘက်ကို ခေါင်းလှည့်လို့ "မောင်က ခုလိုမိုးရွာရင် မိုးသံလေးတွေကြားရရင် မိုးစက်လေးတွေပြတင်းပေါက်လာစင်ရင်သိပ်သဘောကျတာပဲ"ဆိုပြီး သူ့နဖူးကိုခပ်ဖွဖွနမ်းကာ စကားဆိုမယ်။ သူ့ကိုလည်း မောင်ရဲ့ရင်အုပ်ခပ်ကျယ်ကျယ်ကြီးထဲမှာ ပွေးဖက်ထားဖို့လည်း မမေ့ဘဲနဲ့ပေါ့။
YOU ARE READING
New Love
FanfictionPhuwin: ဘယ်အရာတွေကများမှားခဲ့တာလဲမောင်။ အေးချမ်းတဲ့ငါ့ဘဝထဲကို ဇွတ်တရွတ်မုန်တိုင်းဆန်စွာ ရောက်လာခဲ့တာ ဘယ်သူလဲ မောင်ပဲမလား။ ခုမူယစ်ဆေးတစ်ခုလို ငါက မောင်မှမောင်ဖြစ်နေတဲ့ အချိန်ကျ မောင်ဟာ လေပြေလေးတစ်ခုလို ပျောက်ကွယ်သွားဖို့ပြင်နေပြန်သတဲ့... Phuwin Tangs...