Part4

737 59 20
                                    

အချစ်တွင် စတင်ကျရှုံးခြင်း

မနေ့ကထုံးစံအတိုင်း ကိုကို့တိုက်ခန်းဆီ‌ ပွန်‌ရောက်သွားတော့ အရင်နေ့တွေကနဲ့မတူဘဲ လင်းထိန်နေတဲ့ဧည့်ခန်းမီးကြောင့် ကိုကိုပြန်ရောက်လာပြီဆိုတာသိလိုက်ရတယ်။ တခြားစုံတွဲတွေသာဆို ခုလို ရည်စားက ‌တစ်နေရာရာကနေပြန်လာတယ်ဆိုရင် ဝမ်းပန်းတသာနဲ့ဆီကြိုကြမယ် ပျော်ရွှင်မြူးတူးကြလိမ့်မယ်။ သူ့အတွက်တော့ ကိုကိုသူ့အနားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပုံမှန်အတိုင်းပဲ။ ကိုကိုပြန်ရောက်လာလို့ဆိုပြီး ထူးလို့ ဝမ်းသာသွားတယ်ဆိုတာမရှိဘူး။ အဟက်.. ကိုကိုကတော့ သူနဲ့မတူဘူး အမြဲလိုလို သူပြန်လာသည်အထိ ဆိုဖာပေါ်ကို လှဲမှီရင်းသော်လည်းကောင်း ဧည့်ခန်းထဲ လမ်းလျှောက်နေရင်းသော်လည်းကောင်း ဆေးစာဖတ်ကာ စောင့်နေပါလိမ့်မယ်။

ကိုကိုက ရင့်ကျက်တည်ငြိမ်တယ်။အေးဆေးလေးနေတတ်တယ်။ ရည်စားဖြစ်တော့လည်း တွဲခဲ့ဖူးတဲ့ရည်စားတွေလို မေးခွန်းအများကြီးမေးကာ မစပ်စုတတ်ဘူး။မချုပ်ခြယ်ဘူး သူ့ကိုမတားဆီးဘူး။ ဒီအချက်ကြောင့်လည်း ကျတော်ဆက်တွဲနေတာပေါ့။ ကိုကို့ကို ချစ်လာလို့မေးလာရင်တော့ အင်း.. ငယ်ငယ်လေးကတည်းက ကျတော်ဟာ မာမီနဲ့ဘွားဘွားရဲ့ လိုလေးသေးမရှိအောင် ဂရုစိုက်မှုကို ခံရတယ်။ ကျတော်ဆိုတာ လက်ညှိုးညွှန်ရာ အကုန်ရနေတဲ့ကောင်။ အချစ်ခံပြီးကြီးပြင်းလာတဲ့ သူ့ဘဝဟာ သူစိတ်ဝင်စားလို့ပစ်မှတ်ထားပြီးလိုက်တဲ့သူတွေဟာလည်း လွယ်လွယ်ကူကူနဲ့ သူ့ကိုကြွေကျလာတာချည်းပဲမို့ သူ့မှာ နက်ရှိုင်လှတဲ့ feelingမျိုးတစ်ခါမှမခံစားရဖူးဘူး။

တိုက်ခန်းတံခါးကို ဖွင့်ကာ ဧည့်ခန်းထဲ မျက်စိတစ်ချက်ဝှေ့ကာ ကိုကို့ကို သူရှာလိုက်တယ်။ သူထင်ထားသလို ရှိမနေတဲ့ ကိုကိုကြောင့် သူစိတ်အစဉ်ဟာစောနကလိုတော့ ကြည်လင်မနေတော့ပေ။ ဒါနဲ့ပဲ ပွန်အိပ်ခန်းရှိရာဆီသွားကာ တံခါးဖွင့်ကြည့်လိုက်တယ်။

"ကျွီ"

ဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ ကိုကိုပုံ‌စံကြောင့် သူအံ့ဩမိသွားတယ်။ အမြဲလိုလို အိပ်ရင်တောင် ကွေးကွေးလေးအိပ်တတ်တဲ့ကိုကိုဟာ အခုတော့ ခြေကားယား လက်ကားယားဖြင့် အိပ်မောကျနေကာ ကုတင်တစ်ခုလုံးကို နေရာလွတ်မရှိအောင်အပိုင်စီးထားလေတယ်။ ကိုကိုအိပ်နေတဲ့ ကုတင်နားထိသူသွားကာ ကိုကိုမျက်နှာကိုသေချာအသေးစိတ်ကြည့်လိုက်တယ်။ သူခုလို ကို့ကို့မျက်နှာကို သေသေချာချာကြည့်တာဟာ ဒါပထမဆုံးပဲ။ ထို့နောက် သူကိုကို့ဘေးဝင်လှဲအိပ်တော့ ကိုကိုဟာ သူ့ဘက်ကိုလှည့်လာကာ သူ့ကိုလာဖက်လာတာမို့ သူပြုံးမိသွားတယ်။ ဒီနေ့ ကိုကိုက ပထမဦးဆုံးအကြိမ် ကျတော့်ရဲ့ attention တွေကိုရအောင်ယူနိုင်ခဲ့တာပဲ...
______________

New Love Where stories live. Discover now