ဒီကနေ့ဟာ အမြဲလိုလို စာတွေနဲ့လုံးပမ်းနေရတဲ့ ကိုကိုတို့လို ဆေးကျောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေအတွက်သာမက သူတို့လိုအင်ဂျင်နီယာဌာနအတွက်ပါ နားရက်ပိတ်ရက်လေးတစ်ခု။ ကျတော်ဆိုတဲ့ ပွန်နာရာဗစ်ဘဝမှာ ခုလိုပိတ်ရက်လေးတစ်ရက်ဟာ ဖော်မပြနိုင်လောက်အောင် ပြီးပြည့်စုံနေလိမ့်မယ်၊သူ့ကို ပျော်ရွှင်စေနိုင်လိမ့်မယ်လို့ သူတကယ်မထင်ထားမိတာအမှန်ပဲ။ အမြဲလိုလိုပူပြင်းတောက်လောင်လွန်းတဲ့နေမင်းကြီးဟာ ဒီကနေ့ကျ နွေးထွေးတဲ့ခံစားချက်ကိုပေးကာ ပြာလဲ့လဲ့ကောင်းကင်တစ်ခုလုံးဟာလည်း တိမ်စိုင်တိမ်ခဲဖြူဖြူတွေနဲ့ ပနံသင့်ကာလှပနေတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် ဝင်ရောက်လာတဲ့နေရောင်ခပ်ဖျော့ဖျော့ဟာ ရေချိုးပြီးခါစ ကြည်လင်အေးမြနေတဲ့ ကိုကိုရဲ့ မျက်နှာလေးပေါ်ကို တိုက်ရိုက်ကျနေတယ်။ လူတစ်ယောက်ရဲ့အလှဟာ သူတို့တစ်ခုခုကို အာရုံစိုက်လုပ်နေတဲ့အချိန်တွေမှာ တွေ့ရတတ်တယ်တဲ့။ အဟက်..သိပ်မှန်တာပဲ။ ဆေးစာအုပ်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ဖတ်နေတဲ့ကိုကိုရဲ့စူးရှတဲ့မျက်ဝန်းတစ်စုံ။ ရေချိုးပြီးခါစဆံနွယ်ကလေးတွေက ဟိုတစ်စု ဒီတစ်စုနဲ့ လေတစ်ချက်ဝှေ့တိုက်လိုက်ရင် ယိမ်းထိုးကာလှုပ်ရှားသွားပုံများ သူ့ကိုအသက်ရှုဖို့ပင် မေ့နေစေတယ်၊ ဟော တချို့နေရာလေးတွေဆို ရေစက်ကလေးတွေဟာတွဲလောင်းခိုလို့။ ကျစ်.. နေမကောင်းဖြစ်မှဖြင့်။ ကြည်လင်ဖြူဖွေးနေတဲ့လက်တစ်စုံဟာ တစ်ဖက်က စာအုပ်ကိုဖတ်လို့ နောက်တစ်ဖက်လက်သွယ်သွယ်လေးကတော့ ကြွေပန်းကန်ထဲက ထောပတ်ကွတ်ကီးချပ်တွေကို ကိုကို့ရဲ့ နီတာရဲ နှုတ်ခမ်းဖူးဖူးလေးဆီ ပို့ဆောင်နေတယ်။ ကွတ်ကီးကို စားလိုက်တဲ့အချိန်တိုင်း တဖြည်းဖြည်းဖောင်းတက်လာတဲ့ သူမြတ်နိုးရတဲ့ ပါးဖောင်းဖောင်းလေးတွေ။ ပန်းချီကားတစ်ချပ်လိုပဲ ဟုတ်တယ် ကိုကိုဟာ သူမထိရက်မကိုင်ရက်လို့ အဝေးကနေကြည့်နေရတဲ့ ပန်းချီကားထဲက နတ်သားလေး..
___ပန်းကန်ထဲက ထောပတ်ကွတ်ကီးမုန့်တစ်ချပ်ကိုနှိုက်ယူလိုက်ကာ သူဆေးစာကိုဆက်ဖတ်နေတယ်။ USမှာ 4နှစ်တက်တာနဲ့ အလုပ်သင်စလုပ်နေရပေမယ့် အခုထိုင်းမှာကျ 6နှစ်လောက်ထိတက်နေရတာမို့ သူစာတွေပြန်လေ့လာနေရတယ်။ Englishလို နှစ်တွေအကြာကြီး လေ့လာသင်ယူခဲ့ရတဲ့သူ့အဖို့ ထိုင်းလိုအခုပြန်သင်ရတဲ့အချိန်မှာ တချို့ထိုင်းစကားလုံးတွေကို သူ့အနေနဲ့ Engလို translateပြန်လုပ်နေရတာကအလုပ်တစ်ခုလို။ ဆေးစာဖတ်နေရင်းက ပြတင်းပေါက်နားဆီ သူအကြည့်ရောက်မိတော့ သူ့ကို မျက်တောင်တစ်ချက်မခတ်ကြည့်နေတဲ့ မျက်လုံးတစ်စုံနဲ့အကြည့်စုံတယ်။ သိမ်းငှက်လိုစူးရှတဲ့ မျက်လုံးတစ်စုံ၊ ခပ်ထင်းထင်းမေးရိုး၊ ဖြောင်းစင်းနေတဲ့ နှာတံ၊ မျက်စိအောက်က အင်း တိတိကျကျ ပြောရရင် ဘယ်ဘက်မျက်ရစ်အောက်ကမှည့်နက်လေးတစ်ခု ဒီအမျိုးသားရဲ့အသွင်အပြင်ဟာ ပြိုင်ဘက်ကင်းအောင်ထိ ချောမောလွန်းတယ်။ ဘာကြည့်တာလဲဆိုတဲ့ပုံစံနဲ့ မေးငေါ့ကာ ခပ်စူးစူးမျက်စောင်းတစ်ချက်ထိုးတော့ ထိုအမျိုးသားဆီမှ ထွက်လာတဲ့ ဩရှရှ ရယ်သံ။ ဒါမဲ့ ကိုယ့်အတွက်တော့ မင်းက သာမာန်လူတစ်ယောက်ပဲနာရာ။ မင်းဆီမှာ ကိုယ်အထင်ကြီးအားကျလောက်တဲ့ပုံစံမျိုး ကိုယ်မတွေ့သေးဘူး။ သူ့ကိုကြည့်ပါစေ ကြည့်တာ အသားပဲ့ပါသွားတာမှမဟုတ်ဘဲ ပိတ်ရက်မှာ သူကို ခုလို အေးဆေးထိုင်ကြည့်နိုင်တယ်ဆိုတော့ နာရာတို့ အင်ဂျင်နီယားဌာနဟာ အလုပ်သိပ်မများပုံပဲ။ သူအတွေးတွေပြန်ဖျက်ကာ စာထဲကိုသာပြန်အာရုံစိုက်လိုက်တော့တယ်။
___________
YOU ARE READING
New Love
FanfictionPhuwin: ဘယ်အရာတွေကများမှားခဲ့တာလဲမောင်။ အေးချမ်းတဲ့ငါ့ဘဝထဲကို ဇွတ်တရွတ်မုန်တိုင်းဆန်စွာ ရောက်လာခဲ့တာ ဘယ်သူလဲ မောင်ပဲမလား။ ခုမူယစ်ဆေးတစ်ခုလို ငါက မောင်မှမောင်ဖြစ်နေတဲ့ အချိန်ကျ မောင်ဟာ လေပြေလေးတစ်ခုလို ပျောက်ကွယ်သွားဖို့ပြင်နေပြန်သတဲ့... Phuwin Tangs...