"Sea တော်တော့များနေပြီ"
"အောင်းဝ် ဟီယာကလဲ တစ်ခွက်ပဲလေဗျာ န န ကျတော်နက်ဖြန်မနက်ခင်း ဂျူတီမရှိဘူးလေ"
Seaက ဂျင်မီရဲ့ ပုံခုံးလေးပေါ်မေးတင်ကာ ဂျင်မီ့ကိုကပ်ချွဲနေလေတယ်။ နောက်ဆုံးတော့လည်း ဂျင်မီပဲတစ်ထစ်လျှော့လို့ ခွင့်ပြုလိုက်ရတာပါပဲ။ တရုတ်စပ်ထိုင်းကပြားလေးရဲ့ပါးစပ်ကထွက်တဲ့ ဟီယာဆိုတဲ့ အသံကို ဘယ်တုန်းကများ ဂျင်မီတွန်းလှန်နိုင်ခဲ့လို့လဲ...
ဖူဝင်းတန် သူ့ရှေ့က အချစ်ငှက်နှစ်ကောင်ရဲ့စကားကို လျစ်လျူရှုကာသူ့ရှေ့က ဝိုင်ခွက်ကိုလှုပ်လို့ တစ်ငုံငုံလိုက်တယ်။ စပျစ်ဝိုင်ရဲ့အရသာကို တစိမ့်စိမ့်ထိုင်သောက်နေတယ်။ အင်း... တစ်စုံတစ်ယောက်အလာကို ထိုင်စောင့်နေတယ်ဆိုပိုမှန်တယ်။ ဟုတ်တယ် နာရာ သူတို့နဲ့အတူထိုင်သောက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း သူချက်ထားတာကိုလာစားတာဖြစ်ဖြစ် သူစောင့်နေတာ။ ပလာစတာကပ်ထားတဲ့ သူ့ဘယ်ဘက်လက်ညှိုးကို တစ်ချက်ကြည့်ကာ ပြုံးလိုက်မိတယ်။
"ထိုင် ဖူဝင်း ပွန်ကော မလာဘူးလား"
"မလာဘူး ဖိဂျွန်ရဲ့ မောင်က ဘီယာဖျက်ထားလို့သူမသောက်တော့ဘူးတဲ့"
ညီညီက ထိုင်ခုံတစ်ခုကို ဆွဲယူလို့ သူ့နားကိုလာထိုင်ကာ ဂျွန်ထည့်ပေးတဲ့ ဘီယာကိုထိုင်သောက်နေတယ်။ ဂျွန် ညီညီနဲ့ စကားပြောနေတုန်းက သူဘယ်လောက်ပျော်သွားသလဲ သူဆက်ခနဲပဲ ညီညီကိုကြည့်လိုက်တယ်။ နာရာနောက်ကများလိုက်လာမလာဆိုပြီးလေ။ ညီညီစကားကြောင့် သူမျက်မှောင်တစ်ချက်ကြုံ့လိုက်တယ်။ မသောက်ဘူးဆိုလည်း ညစာတော့စားရမှာပေါ့။ အစာမှမရှိဘဲ။ ညီညီတို့အားလုံးဟာ စကားတွေပြောနေကြပေမယ့် သူကတော့တိတ်ဆိတ်လျက်။ သူစကားဝိုင်းမှာဝင်မပါမိဘူး။ သူထိုင်သောက်နေပေမယ့် သူ့သတိတွေကတော့ သိပ်မကပ်ချင်။ သူညီညီကိုသာ အကြောင်းမဲ့ကြည့်နေမိတယ်။ သူဘာဆက်လုပ်သင့်လဲ သူနာရာ့ကို လက်လွှတ်အဆုံးရှုံးမခံနိုင်ဘူး။ သူနာရာ့ကိုချစ်တယ်။ ဒါမဲ့ သူမျက်စိရှေ့က သူ့ညီလေးကိုလည်း ပျော်စေချင်တယ်။ ညီညီကို သူ့ကြောင့်စိတ်မညစ်စေချင်ဘူး။ နာရာကြောင့် ညီညီနာကျင်ခဲ့ရပြီးပြီ အခုသူချစ်ရတဲ့ သူ့အကိုကြောင့် ထပ်နာကျင်ရမယ်ဆို ဘယ်တရားမလဲနော်။ သူသည်းခံနိုင်ပါတယ်။ သူအဆင်ပြေနေတာပဲလေ။ နာရာကိုမပိုင်ဆိုင်ရလဲ ဘာအရေးလဲနော်။ အနည်းဆုံးတော့ ညီညီပျော်နေမှာပဲလေ။ သူရင်ဘတ်တစ်ခုလုံး မွန်းကြပ်လာလွန်းလို့ ရှေ့က ဝိုင်ခွက်ကို အကုန်မော့သောက်ပလိုက်တယ်။ သူဒီခံစားချက်တွေကို မေ့ပစ်ချင်လှပြီ...
YOU ARE READING
New Love
FanfictionPhuwin: ဘယ်အရာတွေကများမှားခဲ့တာလဲမောင်။ အေးချမ်းတဲ့ငါ့ဘဝထဲကို ဇွတ်တရွတ်မုန်တိုင်းဆန်စွာ ရောက်လာခဲ့တာ ဘယ်သူလဲ မောင်ပဲမလား။ ခုမူယစ်ဆေးတစ်ခုလို ငါက မောင်မှမောင်ဖြစ်နေတဲ့ အချိန်ကျ မောင်ဟာ လေပြေလေးတစ်ခုလို ပျောက်ကွယ်သွားဖို့ပြင်နေပြန်သတဲ့... Phuwin Tangs...