အရိပ်အာဝါသကောင်းကောင်းပေးနိုင်တဲ့ ခပ်ကြီးကြီးအုံ့စိုင်းစိုင်း အပင်ကြီးတွေ၊ လူသုံးလေးရပ်စာပမာဏရှိတဲ့ ထင်ရှူးပင်ကြီးတွေနဲ့ပြည့်နှက်နေတဲ့ California ပြည်နယ်ရဲ့ ပန်းခြံလေးတစ်ခု။ ပြာလဲ့နေတဲ့ကောင်ကင်ကြီးနဲ့အတူ နေမင်းကြီးဟာလည်း တောက်ပစွာထွန်းလင်းနေတယ်။ မျက်နှာပေါ်ကျရောက်လာတဲ့ ခပ်နွေးနွေးနေရောင်ခြည်ကြောင့် ဖူဝင်းတန်ရဲ့စိတ်အစဉ်ဟာ ကြည်လင်လို့နေတယ်။
ရုတ်တရက်သူမျက်နှာပေါ်ရောက်လာတဲ့ခပ်ကြီးကြီးလက်တစ်စုံ၊ ထိုလက်တစ်စုံဟာ သူနေပူမှာကိုစိုးရိမ်နေသည့်အလား သူ့မျက်နှာပေါ်ကျရောက်နေတဲ့ နေရောင်ခြည်တွေကို ကာပေးနေတယ်။ သူထိုအမျိုးသားမျက်နှာကိုသေချာကြည့်တော့ နာရာ၊ အင်းသူမြတ်နိုးရတဲ့နာရာဟာ သူ့ကိုပြုံးပြီးကြည့်နေတယ်။ နေရောင်အောက်မှာထိုင်နေတဲ့နာရာဟာ သူ့ကိုမျက်စိတွေမှိတ်ကျသည်အထိပြုံးပြနေတယ်။လှလိုက်တာ ဒီအပြုံးတွေက။ ထို့နောက်နာရာဟာ သူ့ရဲ့လက်ဖမိုးနှစ်ဘက်ကို ငုံ့နမ်းနေတယ်။ သူနာရာရဲ့အပြုအမူလေးတွေကို ကြိုက်လိုက်တာနော်။
နာရာနဲ့သူဟာ ပန်းခြံထဲမှာ ကလေးတွေလိုအပူအပင်ကင်းစွာပြေးလွှာနေတုန်း ရုတ်တရက် သစ်ပင်အနောက်က ပေါ်လာတဲ့ညီညီကြောင့် သူပြေးနေရာကနေရပ်လိုက်တယ်။ သူဝမ်းသာအားရနဲ့ညီညီ့ကိုပြေးဖက်ဖို့ ညီညီအနားသွားတော့ ညီညီဟာ ပြုံးနေရာကနေ သူ့ကို ဒေါသတကြီးနဲ့ကြည့်လာတယ်။ ညီညီရဲ့အကြည့်ကြောင့် သူပြေးနေရာကနေ ချက်ချင်းပဲရပ်ပစ်လိုက်တယ်။ အို ဒါကဘယ်လိုခံစားချက်ကြီးပါလိမ့် သူချစ်ရတဲ့ သူရဲ့ညီညီဟာ သူ့ကိုမုန်းတီးစွာကြည့်နေတယ်။ ဟင့်အင် ကိုကို့ကိုအဲ့လိုမကြည့်ပါနဲ့ညီညီ။ သိပ်ခံရခက်တယ် ညီညီရဲ့ခုလိုအကြည့်တွေကို သူမခံစားနိုင်ဘူး။ ကိုကိုရှင်းပြပါရစေ။ ကိုကို့ကို အထင်မလွဲပါနဲ့နော်...
သူနောက်ကိုပြေးလိုက်လာတဲ့နာရာဟာ သူနဲ့ညီညီကိုလည်းတွေ့ကော ကြောင်အစွာရပ်ကြည့်နေတယ်။မိမိမှာရှိနေတဲ့ပြိုင်ဆိုင်လိုစိတ်ဉာဉ်ကြောင့်လား သူ ဘာကြောင့်မှန်းမသိ စောနက ညီညီကိုငှဲ့တွက်တဲ့စိတ်ဟာပျောက်လို့ နာရာသူ့ကိုရွေးချယ်ဖို့ကို မျှော်လင့်နေတယ်။က်ိုယ့်ကိုရွေးမယ်မလားနာရာ.. သူဟာ ညီညီရဲ့ချစ်သူ့ကို ညီညီရှိနေပါလျက် ညီညီရှေ့မှာတင် လုယူဖို့ကြိုးစားနေတယ်။ နာရာ ကိုယ့်ကိုရွေးချယ်ပေးပါ။ နာရာရဲ့လက်ကို အားကိုးတကြီး သွားဆုပ်ကိုင်လိုက်တော့ သူ့လက်တွေဟာ ပုပ်ထုတ်ခြင်းကိုခံလိုက်ရတယ်။ နာရာဟာညီညီလက်ကို မြတ်မြတ်နိုးနိုးသွားကိုင်ပြီး သူမျက်စိရှေ့ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။
YOU ARE READING
New Love
FanficPhuwin: ဘယ်အရာတွေကများမှားခဲ့တာလဲမောင်။ အေးချမ်းတဲ့ငါ့ဘဝထဲကို ဇွတ်တရွတ်မုန်တိုင်းဆန်စွာ ရောက်လာခဲ့တာ ဘယ်သူလဲ မောင်ပဲမလား။ ခုမူယစ်ဆေးတစ်ခုလို ငါက မောင်မှမောင်ဖြစ်နေတဲ့ အချိန်ကျ မောင်ဟာ လေပြေလေးတစ်ခုလို ပျောက်ကွယ်သွားဖို့ပြင်နေပြန်သတဲ့... Phuwin Tangs...