ထုထည်ကြီးမားတဲ့တိုင်လုံးကြီးတွေကို အခြေခံကာ တစ်ထပ်ပြီးတစ်ထပ် သေသပ်လှပစွာ တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ။ သန်းခေါင်ကျော်အချိန်မို့ ကောင်းကင်တစ်ခုလုံးဟာ အလင်းရောင်ကို မှိန်မှိန်ဝါးဝါးမြင်နေရပေမယ့် အဆောက်အဦးတစ်ခုချင်းစီတိုင်းမှာ ဝါကျင်ကျင်လျှပ်စစ်မီးတွေထွန်းထားတာမို့ မီးအလင်းရောင်နဲ့ ပနံသင့်စွာ ဆေးရုံ အဆောက်အဦးတွေဟာ ခမ်းနားထည်ဝါလို့။
ဒါဟာ သူကျင်လည်ခဲ့တဲ့နေရာ၊ ဖူဝင်းတန်ဟာ ဆေးရုံရဲ့ခေါင်းမိုးထပ်ကနေပြီး Californiaပြည်နယ်ရဲ့ လေနုအေးအေးကို တဝကြီးရှူရှိုက်လိုက်တယ်။ ခုမှပဲ လန်းဆန်းသွားတော့တယ်။လူနာတွေနဲ့ ပတ်လည်ရိုက်နေရတဲ့ ခုလိုအလုပ်သင်ကာလအချိန်မျိုးမှာ သူဟာအင်မတန်ပင်ပန်းလှတယ်။ ဝါရင့်ဆရာဝန်၊ဆရာဝန်မကြီးတွေရဲ့ instructionsတွေအပြင် လက်တွေ့လုပ်နေရတဲ့အချိန်တွေများတာမို့ သူ့တစ်ကိုယ်လုံးဟာကိုင်ရိုက်ထားသလိုပင်။ လူနာတွေတဖြေးဖြေးသိသိသာသာလျော့သွားတဲ့ ခုလိုဉာဉ့်နက်တဲ့အချိန်ဟာ သူ့အတွက် သုခဘုံတစ်ခု။
မိုးအကုန်ဆောင်းအကူးကာလမို့ ပတ်ဝန်းကျင်ဟာ မှိုင်းပြပြခပ်အေးအေး၊တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့လေအေးတချို့ကြောင့် သူ့ရဲ့ duty coatလေးဟာ လေအဝှေ့မှာတလွင့်လွင့်။ သူသ်ိပ်သဘောကျတယ် ခုလိုအပူအပင်မရှိ သူတစ်ယောက်တည်းနေရတဲ့အရသာ၊ မျက်နှာပေါ်ရိုက်ခတ်လာတဲ့ အေးမြမြလေရဲ့ အထိအတွေ့၊ ဆေးရုံcorridorတစ်လျှောက် သွားလာနေကြတဲ့ လူတွေရဲ့လှုပ်ရှားမှုကို တစိမ့်စိမ့်အရသာခံကြည့်ရတဲ့ခံစားချက်တွေကို။ အင်း... လှုပ်ရှားမှုအမျိုးမျိုးကို အပေါ်စီးကနေကြည့်ရတဲ့အရသာဟာ စစ်ပွဲတိုင်းကို အခါခါ အောင်နိုင်တဲ့ စစ်သူကြီးတစ်ယောက်ရဲ့ စိတ်မျိုးလိုပဲ။
"ဒီရောက်နေတာပဲ"
Style pants အနက်ရောင်ကို smartကျကျ ဝတ်ထားတဲ့အမျိုးသားတစ်ဦး ထိုလူဟာ သူ့ရှိရာဆီ ခြေလှမ်းအကျယ်ကြီးတွေနဲ့ ချဉ်းကပ်လာပြီး ထိုစကားကိုဆိုလာတယ်။ အနက်ရောင်ပိုးသား long coat တစ်ထည်ကို duty coat အဖြူဝတ်ထားတဲ့ သူ့ခန္ဓာကိုယ်ပေါ်လွှမ်းခြုံပေးလာပုံက နူးနူးညံ့ညံ့။ သူ့ကိုခြုံပေးလာတဲ့အမျိုးသားရဲ့မျက်နှာမှာ သူနေမကောင်းဖြစ်မှာကို မလိုလားလို့ စိုးရိမ်ပူပန်တဲ့အရိပ်အယောင်တွေ။ အဟက်..သူသိပ်ကြိုက်တာပဲ သူကြောင့် ပြောင်းလဲသွားတဲ့ဂျွန်ရဲ့မျက်နှာကို၊ ငယ်ငယ်လေးကတည်းက ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ငတ်နေခဲ့ရတဲ့သူမို့ ခုလို သူ့ကိုနွေးထွေးစွာဆက်ဆံပေးရင် သိပ်ကျေနပ်တာ။ အဲ့လိုဆက်ဆံပေးတဲ့သူအပေါ်ကိုလည်း ထပ်ကာထပ်ကာ စိုးမိုးခြယ်လှယ်ချင်တဲ့စိတ်၊ ဗိုလ်ကျအနိုင်ယူလိုချင်တဲ့စိတ်တွေဟာ ရေကာတာကျိုးကျသလို တားမရစီးမရ...
YOU ARE READING
New Love
FanfictionPhuwin: ဘယ်အရာတွေကများမှားခဲ့တာလဲမောင်။ အေးချမ်းတဲ့ငါ့ဘဝထဲကို ဇွတ်တရွတ်မုန်တိုင်းဆန်စွာ ရောက်လာခဲ့တာ ဘယ်သူလဲ မောင်ပဲမလား။ ခုမူယစ်ဆေးတစ်ခုလို ငါက မောင်မှမောင်ဖြစ်နေတဲ့ အချိန်ကျ မောင်ဟာ လေပြေလေးတစ်ခုလို ပျောက်ကွယ်သွားဖို့ပြင်နေပြန်သတဲ့... Phuwin Tangs...