Part9

314 37 16
                                    

"ဂျွန် ကိုယ်ဒီမှာ"

ကိုကို့အသံကြားတာနဲ့ လေဆိပ်မှာဟို"ဒီ"လှည့်ကာရှာနေတဲ့လူဟာ မပြေးရုံတမယ်ခြေလှမ်းကျယ်ကြီးတွေနဲ့ ကိုကို့ဆီကို ရောက်လာလေတယ်။

"လိုက်ရှာနေတာတန့်ကို လူသိပ်ရှုပ်တော့လေ။ တန့်မျက်ကွင်းလေးတွေညိုနေတယ်နော် တန်နားချင်ပြီလား ဟင်"

ထိုအမျိုးသားဟာ ကိုကို့အနားရောက်လာတာနဲ့ ကိုကို့ဆီက ပစ္စည်းတွေကိုလွှဲပြောင်းယူကာ ကိုကို့မျက်နှာလေးကို နူးနူးညံ့ညံ့ကြည့်ကာ ဆိုလာလေတယ်။ ကိုကို့ရှေ့ရပ်နေတဲ့လူကို ပွန်သေချာကြည့်လိုက်တယ်။ နှာတံခပ်ချွန်ချွန်ဟာ ထူထဲထဲ မျက်ခုံးတွေနဲ့ ပနံသင့်လျက်၊ ထူထဲထဲ မျက်ခုံး‌တွေအောက်မှာ သိမ်းငှက်လိုမျက်ဝန်းတွေနဲ့ ဂျွန်ဆိုတဲ့အမျိုးသားဟာ ရင့်ကျက်တည်ငြိမ်မှုအပြည့်။

"တန်ဘာစားမလဲ"

"ညီညီဆီအရင်သွားမယ်လေ"

"ဟားဟား တန်ရယ် တန့်ရဲ့ညီက ထွက်မပြေးပါဘူး flight ကြာကြာစီးလာတာ ဗိုက်ဆာနေမှာပေါ့ ခုချိန်တန်ကြိုက်တဲ့ဆိုင်မပိတ်သေးဘူး သွားရအောင်နော်"

ကား‌မောင်းနေရင်း ကိုကို့အ‌ပြောကို ခဏတာရယ်ပြီး ကိုကို့မျက်နှာကိုကြည့်လာတဲ့ ပွန်သူ့မျက်စိရှေ့က ဂျွန်ဆိုတဲ့ကောင်ရဲ့ အကြည့်ကြောင့် သူလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပလိုက်တယ်။ မရိုးသားဘူး ကိုကို့ကိုကြည့်နေတဲ့ပုံဟာ တကယ်မရိုးသားဘူး။ ကိုကိုထိုင်ဖို့အတွက် ကားတံခါးကိုဖွင့်ပေးတာတွေ၊ ကိုကို့ကို အရိပ်တကြည့်ကြည့်လုပ်‌ပေးတတ်တာတွေ အဲ့ကောင်ပါးစပ်ကနေ တန်လို့ခေါ်လာပုံတွေ၊ ဘာလုပ်ချင်ချင် ကိုကို့ရဲ့ဆန္ဒပါမှ ကိုကိုသဘောတူမှ လုပ်တတ်တဲ့ပုံတွေကို သူတကယ်မကြိုက်ပါ။ ဒါ့အပြင် အမြဲသူ‌နဲ့ကျ ကန့်လန့်တိုက် ပြန်ပြောတတ်တဲ့ ကိုကိုဟာ ခုဒီကောင်နဲ့ကျ တိတ်ဆိတ်နေတယ်။ ကျစ် စိတ်တိုလိုက်တာကိုကိုရာ...

သူသိတယ် ဒီလူဟာ ကိုကို့ကို ကြိုက်နေတယ်ဆိုတာ။ သူ့ထက် အရိပ်အကဲနားလည်တဲ့ကိုကိုဟာလည်း ဂျွန်ကြိုက်နေတယ်ဆိုတာ သိပါလိမ့်မယ်။ သူတွေးရင်း တွေးရင်း ဝမ်းနည်းလာတယ်။ ဂျွန်အာချန်ဆိုတဲ့လူဟာ ရင့်ကျက်တည်ငြိမ်တယ် ဦးဆောင်နိုင်တဲ့အရည်အချင်းတွေလည်းရှိတယ်။ ကိုကိုနဲ့ ဘေးချင်းယှဉ်ရပ်လိုက်တိုင်း ကိုကိုထက်မလျော့တဲ့ အရှိန်အဝါတွေရှိနေတယ်။ အို ကုန်ကုန်‌ပြောရရင် ကိုကိုကြိုက်လောက်မယ့်အရည်အချင်းတွေအကုန်ရှိနေတယ်။ ဒါကြောင့်များ ကိုကိုဟာ ကျတော့်ကို ငြင်းခဲ့သလား...

New Love Where stories live. Discover now