ဇာတ်ပျိုး

1.1K 104 30
                                    

တစ်နေ့ လင်းချန်စာအုပ်တစ်အုပ်ဖတ်‌နေစဉ် ရှင်းချုံလျန်က သူ့ကို စကားစပြောသည်။

"မင်းက စိတ်ပညာရှင်ဆိုတော့ ငါ့ကို တစ်ခုလောက် ကူညီပါလား .. ငါလက်ထပ်ယူလို့ သင့်တော်မယ့်သူက ဘယ်လိုလူမျိုးများ ဖြစ်နိုင်မလဲ"

လင်းချန်က သူ့ကို တစ်ချိန်က ပြောပြဖူးသည့်စကားကို ပြန်သတိရလိုက်သည်။

"အချစ်ဆိုတာ လောကကြီးမှာ တိုင်းတာဖို့အခက်ခဲဆုံးအရာတစ်ခုပဲလေ.. စိတ်ပညာရှင်‌ဆိုရင်တောင်မှ ခန့်မှန်းတွက်ဆပြလို့ မရနိုင်ဘူး .. ဘာကြောင့်လည်းဆိုရင် အချစ်ဆိုတဲ့ဖြစ်စဉ်တစ်ခုမှာ မူကွဲတွေ မရေတွက်အောင်ပါဝင်နေလို့ပဲ"

"ဘယ်လို မူကွဲတွေလဲ" ရှင်းချုံလျန်က မေးခွန်းဆက်ထုတ်၏။

ထိုအခါ လင်းချန်က တစ်ချက်တွေးလိုက်သည်။

"ပထမမူကွဲကတော့ မင်းက အစားအသောက်တန်းမှာ ကျောက်ပုစွန်စားရင်း ဘီယာသောက်ရတာကြိုက်တဲ့ သာမန်ရဲဝန်ထမ်းတစ်ယောက်ဖြစ်နေလို့ .. ဒါပေမယ့်လည်း ဖြစ်ချင်တော့ မင်းက ..."

ဒါမှမဟုတ် .. အဲ့ဒီမူကွဲတွေထဲက တစ်ခုက 'ငါ မင်းကို ဘယ်အချိန်ကတည်းက သဘောကျမိသလဲ မသိခဲ့သလို .. မင်း ငါ့ကို ဘယ်အချိန်ပြန်ပြီး သဘောကျလာပါ့မလဲ မသိတာမျိုး' လည်း ဖြစ်ချင်ရင် ဖြစ်နိုင်တာပဲ

💛💛💛

ဘာသာပြန်သူမှတ်စု
===============

MC - လင်းချန် (စိတ်ပညာရှင်)

ML - ရှင်းချုံလျန် (ရဲ့တပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်)

နှစ်ယောက်ရဲ့အသက်ကို သိသိသာသာပြထားတာမျိုး မရှိဘဲ အသက် ၃၀ တစ်ဝိုက်လို့ပဲ ပြောထားတာမို့ မင်း/ငါ လို့ပဲ သုံးထားပါတယ်။ နောက်ပိုင်း ချစ်သွားတဲ့အခါကျမှ အခြေအနေအချိန်အခါကိုလိုက်ပြီး ပြောင်းလဲသုံးစွဲသွားပါမယ်

Slow burn + Investigation မလို့ ရိုမန့်တစ်ဆန်ဆန်ဖတ်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာမဟုတ်ပါဘူး

ဒီလိုပြောလို့ Love Line မပါဘူးလားဆိုရင်တော့လည်း မဟုတ်ပြန်ပါဘူး။ အန္တရာယ်ကြားက ချစ်ခြင်းတွေဆိုတာ ရင်ခုန်စရာ အကောင်းဆုံးပဲ မဟုတ်လား

စုစုပေါင်း (Extra အပါအဝင်) အပိုင်း ၃၁၀ ရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အဲ့လောက်အပိုင်းများတဲ့ ဝတ္ထုမျိုး လုံးဝဘာသာမပြန်ပါဘူး

Pick လိုက်ရတဲ့ အကြောင်းရင်းကတော့ ကိုယ်သဘောကျနေတဲ့ ကောင်လေးက စစ်မှုထမ်းသွားတော့မှာ မလို့ပါ (〒﹏〒) ရက်ပေါင်း ၆၀၀ ကျော်ကြီး သူ့ကို လွမ်းနေရမှာမလို့ အလွမ်းပြေ လုပ်စရာလေးတစ်ခုရအောင် Pick လိုက်တာဖြစ်ပါတယ်။ တစ်ပိုင်းကို ၂ ရက်ရေးရင်တောင် ဘာပဲဖြစ်ဖြစ် ရက်ပေါင်း ၆၂၀ တော့ မသိလိုက်ခင်မှာ ကုန်ဆုံးသွားမှာပါပဲ။

နောက်ထပ်အကြောင်းရင်းကတော့ ဒီဝတ္ထုက လုံးဝအဖိုးတန်အနှစ်လေးမလို့ပါ။ စိတ်ပညာဆိုလို့ ရှုပ်ယှက်ခတ်လောက်တဲ့ အတွေးအခေါ်တွေ တစ်ပုံတစ်ပင်ကြီး ချပြသွားတာမျိုးမဟုတ်ဘဲ အချိတ်အဆက်မိမိနဲ့ ဖတ်တဲ့သူ သဘောကျစီးမြောနိုင်အောင် ရေးထားတာပါ။

နောက်ထပ် အကြောင်းရင်းကတော့ Shou က လုံးဝကိုယ့်စတိုင်ပါ 🥺🥺 တိတ်တဆိတ်နဲ့ အေးအေးချမ်းချမ်းနေတတ်တဲ့ Shou လေးတွေကိုဆို တအားချစ်လို့ Pick လိုက်တာဆိုလည်းဟုတ်ပါတယ်။ (လုရှန်းလို သူဌေးလည်းမဟုတ် ရှူးဂါးဒယ်ဒီမဟုတ်ပေမယ့် ကိုယ့်အတွက်တော့ သူက လုရှန်းလို Vibe မျိုးပေးတယ်)

တကယ်တော့ ဘာသာပြန်ဖို့ ချောင်းနေတာက မနှစ်ကတည်းကပါ။ အကြောင်းအမျိုးမျိုးကြောင့် Wattpad ဆီကို ပြန်မလာဖြစ်တာ။

ဒီတစ်ပုဒ်ကို ဝူရွှမ်းလို မဖြစ်‌သွားဖို့လည်း ကူဆုတောင်းပေးကြပါဦး။ ဒီတစ်ခါဆို အကောင့်ပါ ပျက်မှာပါ 🥺

အဲ့ဒါကြောင့် ခေါင်းစဉ်ကိုတောင် မူရင်းနဲ့ ဘာမှမဆိုင်တာ ရှာကြံပြီးပေးထားရတာဖြစ်ပါတယ်

ရှင်းချုံလျန်နဲ့ လင်းချန်တို့ရဲ့ စွန့်စားမှုခရီးလမ်းလေးကို အားပေးကြပါဦး

22. 9. 2024 (Sunday)

လွှမ်းမိုးခြင်းနိယာမWhere stories live. Discover now