သဲတစ်ပွင့် - ၇

84 14 5
                                    


အပိုင်း (၇) မှတ်ဉာဏ်
---

ယန်းကျားလမ်းသွယ်သည် ချွင်းရွှေလမ်းနှင့် သိပ်မဝေးလှပေ။ လမ်းလျှောက်သွား၍ ရနိုင်သော အကွာအဝေးလောက်ပဲရှိသည်။

မိုးကတော့ သည်းလို့ကောင်းနေဆဲ။ တိမ်ညိုတိမ်မည်းများက တလိပ်လိပ်တစိုင်ခဲခဲတက်နေဆဲဖြစ်သည်မို့ နေ့ညပင် မသဲကွဲတော့ပေ။

တိုင်ဖွန်းကြောင့်ပဲဖြစ်‌စေ၊ လူသတ်မှုကြောင့်ပဲဖြစ်စေ ချွင်းရွှေလမ်းမှာတော့ လူအသွားအလာကြဲသွားသည်။ ဆိုင်အများစုက မဖွင့်တော့ပေ။

မိုးကလည်း လမ်းအသွယ်သွယ်တို့အပ‌ေါ် တဖြောက်ဖြောက်ရွာသွန်းကျနေ၏။ တစ်ချိန်က စွန်းထင်ခဲ့သောသွေးကွက်များ မရှိတော့တာလည်း ကြာပြီဖြစ်၏။ မြေပြင်ကလည်း သန့်ရှင်းနေပြီး လေထုကလည်း လတ်ဆတ်နေသည်။  လတ်ဆတ်လှသော လေထုက လှုပ်ရှားသွားလာနေသူတို့ကို ခေတ္တခဏမျှ တုံ့နှေးသွားစေသည်။

လင်းချန်သည် ထီးမဆောင်းဘဲ လမ်းကို ဖြည်းဖြည်းချင်း လျှောက်လာ၏။ ရှင်းချုံလျန်က ထီးအနက်ကြီးကို ကိုင်ကာ နောက်မှ ထပ်ကြပ်မကွာလိုက်လာခဲ့သည်။

ဘာကြောင့်ရယ်မသိ ရှင်းချုံလျန်၏စိတ်ထဲတွင် လင်းချန်က အတော်လေးငယ်ဦးမည်ဟုတွေးမိသည်။ ဖူဟောက်က စီနီယာဟုခေါ်သော်လည်း သူ့မျက်နှာက ဖူဟောက်ထက် ငယ်ပုံပေါက်၏။

သူ့မျက်နှာပေါက်က တက္ကသိုလ်မှ ပူပူနွေးနွေးဘွဲ့ရထားသူတစ်ဦးနှင့် အတော်လေးကို တူသည်။ သို့သော် သူ၏နေထိုင်ပြုမူပုံကတော့ ချစ်ခြင်းမုန်းခြင်းကင်းမဲ့သော ဘုန်းတော်ကြီးအိုတစ်ပါးနှင့် ပိုတူ၏။

သူက ထင်မြင်ယူဆချက်များကို တည်တည်ငြိမ်ငြိမ် ကောက်ချက်ချနိုင်သလို အလောင်းကောင်အောက်တွင်လည်း ဘာခံစားချက်မှ မပြဘဲ ဝင်အိပ်နိုင်သည်။ ပြန်ထွက်လာသည့်တိုင် သူ့မျက်နှာပေါ်မှ ဘာစိတ်ခံစားမှု တစ်စုံတစ်ရာမှ ပေါ်လွင်နေခြင်းမရှိ။

အဆိုပါအကြောင်းတရားများကြောင် ရှင်းချုံလျန်သည် လင်းချန်ကို စိတ်လှုပ်ရှားနိုင်အောင် လုပ်ဆောင်နိုင်မည့် အရာတချို့ကို ပိုသိချင်‌၊ ပိုတွေ့ချင်မိလာသည်။

လွှမ်းမိုးခြင်းနိယာမWhere stories live. Discover now