အပိုင်း (၄) အပြုအမူ
လင်းချန်က ရဲအရာရှိကို သူစိတ်မပါကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးပြီဟု တွေးမိသည်။ ထူးဆန်းသည်က အနှီသွေးနှောအရာရှိဟာ စိတ်မဆိုးသည့်အပြင် သူ ဘတ်စ်ကားစီး၍ ပြန်မည်ဟု ပြောလိုက်သည့်အခါ ကားတံခါးကိုပါ လော့ချပစ်၏။ ထို့နောက် အပြစ်တင်ခံရမည်ကို ကြောက်မိသောလေသံဖြင့် ပြောသည်။
"တော်တော်နောက်ကျနေပြီလေ .. ခင်ဗျားကို တစ်ယောက်တည်းပြန်လွှတ်လိုက်ရင် အိမ်ပြန်ရောက်တဲ့အခါ အမေက ကျွန်တော့်ကို ကျိန်းသေပေါက်ဆူလိမ့်မယ်"
ပြောပြီးသည့်နောက် ဘာမှထပ်ရှင်းမပြတော့ဘဲ ရှင်းချုံလျန်က ကားကို မူလတန်းကျောင်းနှင့် ဆန့်ကျင်ဘက်နေရာသို့ မောင်းသွားသည်။
ကားမှန်ပြတင်းမှ လှမ်းမြင်နေရသည့် နီယွန်မီးရောင်များကို ငေးကြည့်နေရင်း လင်းချန်မှာ သူ့ကို ရဲက ပြန်ပေးဆွဲလာသလိုပင် ခံစားလာရသည်။
သူတို့သည် မြို့တော်၏ နာမည်ကြီးအစားအသောက်နေရာများအနက်မှ အစားအသောက်တန်းတစ်ခုသို့ ရောက်သည့်အခါ ကားကို ရပ်လိုက်သည်။
"ဒီနေ့ ခင်ဗျားကို စုံစမ်းရေးမှာ ပါဝင်ကူညီပေးဖို့ ဆိုပြီးတော့ ရဲစခန်းကို အတင်းအဓ္ဓမခေါ်လာခဲ့မိတာ အပြစ်ရှိသလို ခံစားလိုက်ရလို့ပါ .. အဲ့ဒါကို ပြန်လျော်ပေးဖို့အတွက် ညစာလေးတော့ ဝယ်ကျွေးပါရစေ"
ရဲအရာရှိက သူ့ဘက်လှည့်ကာ စိတ်ထဲမှ အမှန်အကန်လာသော စကားလုံးများ ပြောဆိုလာသည်။
လင်းချန်ပါးစပ်ဟလိုက်မိသော်လည်း ဘာမှမပြောနိုင်ခဲ့။ ရိုးရိုးသားသား ကျိုးကြောင်းဆီလျော်သော ထိုစကားလုံးများကို ရင်ဆိုင်လိုက်ရသည့်သူတိုင်း တစ်ခဏအတွင်း၌ ငြင်းဆိုဖို့ခက်ခဲပေလိမ့်မည်။
တစ်ဖက်မှာတော့ ဖူဟောက်က ထိုင်ခုံကို ဖြတ်ရိုက်ကာ အော်တော့၏။
"မင်း ငါ့စီနီယာကို ဒီနေ့ အချိန်မကြာကြာအောင်လည်း ဆွဲထားသေးတယ် .. ပြီး အဲ့ဒါကိုကျေအောင် ခေါ်လာတဲ့နေရာက လမ်းဘေးစားသောက်ဆိုင်တန်းတဲ့လား လောင်ရှင်းရယ်! မင်း အရှက်မရှိဘူးလား!"
YOU ARE READING
လွှမ်းမိုးခြင်းနိယာမ
Mystery / Thrillerချန်အာ့ ၏ ဖန့်ကျွေ့ရှင်းလီကို ဘာသာပြန်ဆိုပါသည် အတွဲ (၁) - သဲတစ်ပွင့် အတွဲ (၂) - နှစ်လမ်းသွား အတွဲ (၃) - သင်္ချိုင်းသုံးမြေ အတွဲ (၄) - သံစဉ်လေးသွယ် အတွဲ (၅) - မြောလွင့်ခြင်းပဉ္စဂံ