သဲတစ်ပွင့် - ၂

133 25 10
                                    

အပိုင်း (၂) သဲအဖြူ

---

ဟုန်ကျင်းဆိုသည့် မြို့အိုလေးတစ်မြို့

မုန်တိုင်းများစွာ၏ ဒဏ်ကို သူ ခံခဲ့ဖူးသည်။ မုန်တိုင်းထန်သည်ဖြစ်စေ အားပျော့သည်ဖြစ်စေ သူကတော့ ယိမ်းယိုင်သွားသည်ဟူ၍ မရှိဘဲ ကြံ့ကြံ့ခံနေဆဲ။ နေမင်းသည်လည်း ပုံမှန်ထွက်ပေါ်မြဲ။ ကျောင်းသားများဟာလည်း စောစောထနေမြဲ။ ကျောင်းဝင်းဆီမှ စာသင်သံတို့သည်လည်း ပုံမှန်အတိုင်းညံနေမြဲ။

အခြေအနေအရပ်ရပ်က ယခင်နေ့များအတိုင်း ပုံမှန်သာ။

ထုံးစံအတိုင်း လင်းချန်ကတော့ ကျောင်းသားအဆောင်များကို လိုက်လံစစ်ဆေးနေသည်။ စာရင်းရှိသည့်အတိုင်း နောက်ဆုံးနေရာအထိ စစ်ဆေးပြီးချိန်မှာတော့ ပထမဆုံးစာမျက်နှာကို ပြန်လှန်ကာ  စစ်ဆေးခံရန်ကျန်နေသေးသော အခန်းနံပါတ်များကို ကြည့်လိုက်သည်။

ကျောင်းဆောင်မန်နေဂျာအနေဖြင့် ယခုကိစ္စက သူကြုံဆုံရမှာ အကြောက်ဆုံးဖြစ်သည်။

လွန်ခဲ့သည့် ၅ မိနစ်ခန့်က ကျောင်းမှဆရာတစ်ယောက်ဖုန်းခေါ်ကာ တန်းခွဲ (၃) မှ ပထမတန်းကျောင်းသား ကျန်းရှောင်မင် သည်မနက်အတန်းမတက်ကြောင်းပြော၏။ အိပ်ပျော်နေဆဲဖြစ်နိုင်သည်မို့ အခန်းထဲဝင်ကြည့်ပြီး ကလေးကို နှိုးပေးဖို့ တောင်းဆိုလိုက်သည်။

သို့သော် သူ့ကို ထိတ်လန့်စေသည့်အရာ အခန်းတိုင်းကို စစ်ဆေးပြီးသည့်တိုင် ကျောင်းသားတစ်ယောက်မှ မတွေ့ရခြင်းပေ။

အဆောင်မှ နောက်ခံအဖြူရောင်ပန်းပွင့်ပုံလိုက်ကာစသည် လေတိုက်ခတ်ရာအတိုင်း ညင်သာစွာလွင့်မြောနေ၏။ လင်းချန် သက်ပြင်းချလိုက်မိသည်။ သည်နေရာတွင် အလုပ်လုပ်လာခဲ့သည့် ၃ နှစ်အတွင်း ကျောင်းသားပျောက်ဆုံးမှုကို ပခမဆုံးကြုံရခြင်းဖြစ်သည်။

သူ လက်ထဲမှ ဘောပင်ကို လှည့်နေမိ၏။ ကျန်းရှောင်မင်အကြောင်း တွေးကြည့်လိုက်သော် ထိုကလေးက ပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် အနေအေးသည်။ ပုန်ကန်တတ်သည့်ပုံစံမျိုးမဟုတ်ပေ။ ထို့အပြင် ကျောင်းကလည်း လုံခြုံရေးတင်းကြပ်လွန်းလှသဖြင့် ကလေးတစ်ယောက်ကို အပြင်သို့ အလွယ်တကူပေးထွက်မည်မဟုတ်။ ဖြစ်နိုင်ချေကတော့ သူ့မိဘများကိုယ်တိုင် လာခေါ်သွားခြင်းမဟုတ်လျှင် ပြန်ပေးဆွဲခံရခြင်းသာ။

လွှမ်းမိုးခြင်းနိယာမWhere stories live. Discover now