သဲတစ်ပွင့် - ၆

86 14 2
                                    

အပိုင်း (၆) ခံစားချက်
---

'ယုံကြည်မှု'ဟူသည့် စကားလုံးကား ထူးခြားလှ၏။

သူတို့ မကြာသေးခင်ကမှ တွေ့ဆုံခဲ့ဖူးပြီး အတွင်းကျကျ ရင်းနှီးသော မိတ်ဆွေဆက်ဆံရေးမျိုးလည်းမရှိ။ ထို့ကြောင့် ယုံကြည်မှုဟူသောစကားလုံးကို သုံးဖို့အတွက်က အတော်လေး ကို့ရို့ကားယားနိုင်သည်။

သို့သော်လည်း လင်းချန်က မေးလိုက်သည်။

"မင်း ငါ့ကို ယုံကြည်ပေးလို့ရမလား"

ရှင်းချုံလျန်က တွေးဆပြီး ပြန်ဖြေ၏။

"ကျိန်းသေပေါက် ယုံတာပေါ့"

ထိုယုံကြည်မှု၏ အရင်းအမြစ်ကလည်း ထူးဆန်းသည်။ လင်းချန်ကို ရှင်းချုံလျန်ယုံကြည်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်က အဆိုပါ အဆောင်မန်နေဂျာကို လူကောင်းတစ်ယောက်ဟု ခံစားမိခြင်းကြောင့်ပေ။

သို့ဖြစ်၍ သူ့အဖွဲ့များကို တစ်မြို့လုံးအနှံ့စေလွှတ်ကာ ယွီယန်ချင်ကို လိုက်ရှာစေသည်။

သို့သော် ယွီယန်ချင်က ပြစ်မှုကျူးလွန်ဖူးသူ၊ လူပျောက်တိုင်ကြားထားခြင်း မခံထားရသူဖြစ်သည်။ မြို့အနှံရှာဖွေခြင်းဆိုသည်ကလည်း သူမ၏ မှတ်ပုံတင်ကတ်နှင့် အခြားသော အသုံးအဆောင်ကတ်များကို စစ်ဆေးခြင်း၊ ဘဏ်အချက်အလက်များ ကြည့်ရှုခြင်းနှင့် သူ(မ)နေထိုင်ရာ အနီးတစ်ဝိုက်ရှိ ရဲစခန်းများကို အသိပေးထားပြီး ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းပို့ခိုင်းရန်လောက်သာ လုပ်ဆောင်နိုင်သည်။ တခြားပိုကောင်းသည့် အကြံဉာဏ်မရှိတော့။ ရှင်းချုံလျန်လုပ်ဆောင်ပေးနိုင်သလောက် ဒါအကုန်ပဲဖြစ်သည်။

သူ ဖုန်းချကာ လင်းချန်ကို ကြည့်လိုက်သည်။

လင်းချန်က ခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဂျင်းပြုတ်ရည်ကို ငုံ့သောက်နေဆဲဖြစ်သည်။ ရှင်းချုံလျန် သူ့ကို ကြည့်နေသည်ကို သတိထားမိပုံရသောအခါမှာတော့ ခေါင်းမော့လာခဲ့၏။

"ငါ့ကို ဆေးရုံလိုက်ပို့ပေး"

ဟုန်ကျင်း အမှတ်(၃) ပြည်သူ့ဆေးရုံကား အရာအားလုံး စတင်ခဲ့ရာနေရာ ဖြစ်သည်။

လွှမ်းမိုးခြင်းနိယာမWhere stories live. Discover now