အပိုင်း ၁

373 26 0
                                    

ATTENTION! ATTENTION! ရှေ့ပိုင်း ဇာတ်ကြောင်းရဲ့ လိုအပ်မှုကြောင့် gongကို "သူမ"ဆိုပြီး သုံးသွားပါ့မယ်။ ဒါပေမဲ့ gong က ယောက်ျားလေးပါ။ ဒါကြောင့် အထင်မလွဲကြပါနဲ့။ QAQ

ဟင်းလင်ပြင်ထဲမှာ မရေမတွက်နိုင်တဲ့ ကြယ်တွေက တလက်လက်တောက်ပနေတယ်။ ကြယ်တစ်လုံးစီက သေးငယ်တဲ့ ကမ္ဘာတစ်ခုစီကို ကိုယ်စားပြုနေတယ်။ ကံကြမ္မာမြစ်က ကြယ်တစ်ခုချင်းစီကို ဖြတ်သန်းစီးဆင်းနေပြီး ကမ္ဘာတစ်ခုစီရဲ့ ကြမ္မာကို စောင့်ကြည့်နေတယ်။

ဟင်းလင်းပြင်ရဲ့ မထင်မရှားဖြစ်နေတဲ့ ထောင့်တစ်နေရာမှာ ယခင်က တောက်ပခဲ့ဖူးတဲ့ ကြယ်တစ်ချို့က ဖျော့တော့စွာ ရှိနေတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဗဟိုချက်တွေကတော့ တောက်ပမြဲ တောက်ပဆဲ ဖြစ်တယ်။

ဗိုင်းရပ်တစ်ခုလိုပဲ ကြယ်တစ်လုံးက ကျယ်ပြန့်လာပြီး ဘေးနားက ကြယ်တွေကို ညစ်ညမ်းစေတယ်။ ပြီးတော့ ထပ်ပြီး ကြီးမားလာတယ်။

တခြားကမ္ဘာတွေက ဒီကြယ်ကို lord god ရဲ့ ကြယ်အဖြစ် မကျေမချမ်း သတ်မှတ်ကြတယ်။

[ရည်မှန်းချက် သတ်မှတ်ပြီး:

ပြန်လည်ဝင်စားလာသူအရေအတွက်: ၁၅

ကမ္ဘာအဆင့်: B-Class

တာဝန်: ဇာတ်ကြောင်းရဲ့အဆုံးအထိ ချောချောမွေ့မွေ့ ‌အသက်ရှင်နေထိုင်ရန်

ဝင်ရောက်မည့်ကမ္ဘာ: သူမရဲ့ ထူးဆန်းမှု

အမျိုးအစား: ကျောင်းတွင်းသည်းထိတ်ရင်ဖို

ဇာတ်ကြောင်း: ဖုန်ရှင်းလို့ခေါ်တဲ့ စကားမပြောနိုင်တဲ့ မိန်းကလေးက ကျောင်းမှာ အနိုင်ကျင့်ခံ‌နေရတယ်။ တစ်နေ့မှာတော့ ဆေးရုံတင်လိုက်ရတဲ့အထိ ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတယ်။

အဲ့နောက်ပိုင်းမှာတော့ သူမရဲ့စရိုက်က ‌မဲညစ်သွားတော့တယ်။ သူမရဲ့ကျောင်းကို ပြန်လာမှုကလည်း သူမကို ကျောင်းက တခြားလူတွေ ပိုပြီးရွံမုန်းသွားစေတယ်။

နောက်ပိုင်းတော့ ဖုန်ရှင်းက မတော်တဆ နေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်။ ကျောင်းကလည်း သူမသေဆုံးမှုသတင်းကို မပြန့်သွားအောင် အလျင်အမြန် ဖုံးဖိလိုက်တယ်။

ရည်းစားတွေက သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက ဘော့စ်ဖြစ်သွားတယ် [ဘာသာပြန်]Where stories live. Discover now