အပိုင်း ၄
လီဟွမ်က ကျိုးယွီကို အမှန်တကယ် ချစ်မြတ်နိုးပြီး သူ့အတွက်ဆိုလျှင် သေဆိုသေ ရှင်ဆိုရှင်ပင်ဖြစ်တယ်။ ဒါကြောင့် တခြားမိန်းကလေး တစ်ယောက်အတွက်နဲ့ သူမကို မုန်းတယ်ဆိုတာကို သူမ လက်မခံနိုင်တာ သဘာဝပင်ဖြစ်တယ်။အမျက်ခြောင်းခြောင်းထွက်နေတဲ့ လီဟွမ်က သူမဘာကြောင့် ဟိုးအရင်တည်းက ဖုန်ရှင်းကို မုန်းသည့်အကြောင်းကို နောက်ဆုံးမှာရှင်းပြလာခဲ့တယ်။ သူမပြောတာတွေရဲ့ တချို့က အမှန်ပင်ဖြစ်တယ်။
အဲ့အချိန်က ကျောင်းကိုပြန်သွားတော့ ခြေနာနေတဲ့ ကြောင်ပေါက်လေးကို ကောက်လာခဲ့တဲ့ ဖုန်ရှင်းကို တိုက်တိုက်ဆိုင်ဆိုင် သူမတွေ့ခဲ့တယ်။ ရက်အနည်းငယ်ကြာတော့ ဖုန်ရှင်းတစ်ယောက် သံသယဖြစ်စရာကောင်းတဲ့ အိတ်တစ်အိတ်ကို နောက်လမ်းကြားထဲ ပစ်လိုက်တာကို သူမ ဖမ်းမိခဲ့တယ်။ သိချင်စိတ်နဲ့ သွားကြည့်လိုက်တော့ သူမ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့လိုက်တဲ့ ကြောင်ပေါက်လေးကို ကျိုးကြေနေတဲ့ အနေအထားနဲ့ တွေ့လိုက်ရတယ်။
အစကတည်းက ထိုအအ,မ ကို သူမ အရေးကိုမစိုက်တာဖြစ်တယ်။ သူမတို့နှစ်ယောက်ကြားမှာ ဘာအငြင်းပွားမှုမှ မရှိသလို သူမကလည်း တွေ့ရာလူကို အနိုင်ကျင့်တတ်တဲ့ လူစားမျိုးမဟုတ်ပေ။ ဒါကြောင့်လည်း ထိုဖြစ်ကတတ်ဆန်းနိုင်တဲ့ မိန်းကလေးနဲ့ ပြောဆိုဆက်ဆံဖို့ စိတ်မဝင်စားတာဖြစ်တယ်။
ဒါပေမဲ့ ထိုအချိန်ကတည်းက မျက်နှာနှစ်ဖက်နဲ့ ထိုမိန်းကလေးကို ရွံမုန်းခဲ့တယ်။
ပုန်ကန်ထကြွတတ်တဲ့ အရွယ်မှာရှိနေပေမဲ့ သူမတောင် တိရစ္ဆာန်ငယ်လေးတွေကို သတ်ရလောက်တဲ့အထိ မရူးမိုက်ပေ။ တိရစ္ဆာန်ငယ်လေးတွေကို ကြိုက်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဖုန်ရှင်းရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကို အလွန်ကို ရွံမုန်းမိတယ်။ အဲ့အချိန်ကစပြီး ထိုရွံစရာကောင်းတဲ့ မိန်းကလေးကို မိုးကောင်းကင်ကိုယ်စား သူမက အပြစ်ပေးအနိုင်ကျင့်ခဲ့တယ်။ဒါကြောင့် စီနီယာကို အမှန်တရားသိအောင်ပြောပြရမယ်။ ဒီခွေးမကြောင့် အလိမ်ခံရမှာကို ကာကွယ်ရမယ်။
YOU ARE READING
ရည်းစားတွေက သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက ဘော့စ်ဖြစ်သွားတယ် [ဘာသာပြန်]
Terror163 chapters (7 Arcs + 1 extra Arc) သူက သရဲတွေနဲ့ သူ့ကို NPC လို အသုံးချမဲ့ ပြန်လည်ဝင်စားသူ တစ်ဖွဲ့နဲ့ အမြဲတိုးတယ်။ သူ့ချစ်သူကလည်း သည်းထိတ်ရင်ဖို ဇာတ်လမ်းထဲက ဘော့စ်အဖြစ်အမြဲပြောင်းသွားတယ်။