အပိုင်း ၆

126 16 1
                                    

[ ညနက်လာတာနဲ့အမျှ ကောင်းကင်ကလည်း တိမ်မည်းတွေနဲ့ ဖုံးကွယ်နေခဲ့သည်

ဟ! ဟ! ဟ!

ကျောင်းအဆောက်အဦရဲ့ ခေါင်မိုးထပ်မှာ, လီဟွမ်က ကျယ်လောင်စွာ ပင့်သက်ရှိုက်နေပြီး သူမမျက်နှာက ကြောက်ရွံ့မှုနဲ့ ပြည့်နှက်နေသည်

ဟင့်အင်း! ရှေ့တိုးလာနဲ့! ငါ့အမှားမဟုတ်ဘူး! ဒါက နင်ကြောင့်ဖြစ်လာတာ,ခွေးမ!”

ဒုတ် ဒုတ် ဒုတ် ဒုတ်

တစ်စုံတစ်ခုက လှေကားပေါ်တက်လာပြီး ထူးဆန်းတဲ့အသံတချို့ကို ထုတ်လွှင့်နေသည်တစ်စုံတစ်ယောက်ရဲ့ လည်ပင်းကိုညှစ်လို့ ထွက်လာတဲ့ အသံနဲ့တူတယ်

လီဟွမ့်မျက်လုံးက သွေးကြောများကို မြင်သည်အထိ ပြူးကျယ်နေသည်

အဲ့အရာက တဖြည်းဖြည်း သူမအနားကို ချဉ်းကပ်လာတာကို အကူအညီမဲ့စွာ ကြည့်နေရသည်သူမ ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တောင့်ခဲနေပြီး အကူအညီတောင်းမဲ့ အသံကလည်း လည်ချောင်းထဲမှာ တစ်ဆို့လို့နေသည်

ဟင့်အင်း! ဟင့်အင်း! ဟင့်အင်! ငါ့ကိုလွှတ်! အားးးးး!

ထို့နောက် မိန်းမငယ်လေးက ရှစ်ထပ်တိုက်ပေါ်မှ ပြုတ်ကျသွားတော့သည်ချက်ချင်းဆိုသလို သူမခန္ဓာကိုယ်က ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး သူမအသားနှင့် သွေးများက မြေပြင်ပေါ်တွင် စွန်းထင်းနေသည်

ရည်းစားတွေက သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက ဘော့စ်ဖြစ်သွားတယ် [ဘာသာပြန်]Where stories live. Discover now