အပိုင်း ၂

171 16 0
                                    

[အောက်တိုဘာလ ၁၅ ရက်-နေသာတယ်

ဒီနေ့ စီနီယာကျိုးယွီကို ထပ်တွေ့ရလို့ အရမ်းဝမ်းသာတယ်။ စီနီယာက နေတစ်စင်းလို တောက်ပနေတာပဲ။ ဒါပေမဲ့ သူက တခြားလူတွေလို အမူအရာတွေနဲ့ ငါ့ကိုကြည့်မှာစိုးလို့ သူ့မျက်နှာကို မကြည့်ရဲဘူး။ ဒါပေမဲ့ စီနီယာက ငါ့ကိုမြင်တော့ ပြုံးပြတယ်! စီနီယာက တခြားသူတွေနဲ့ လုံးဝမတူဘူးပဲ။ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးနဲ့ အကြင်နာတတ်ဆုံး စီနီယာ, ငါချစ်ရတဲ့ စီနီယာ...]

ကျိုးယွီက ကြော်ညာဘုတ်မှာ ရည်ရွယ်ချက်ရှိရှိ ကပ်ထားတဲ့ ဖုန်ရှင်းရဲ့ ဒိုင်ယာရီကို ကြည့်လိုက်ပြီး စိုးရိမ်သွားတယ်။ မူလဇာတ်ကြောင်းမှာ ဒီအရူးမလေးက သူ့ကို ကြိုက်နေတာမျိုး မဖြစ်ဖူးဘူး! ထင်ထားသလိုပဲ သူမက အရမ်းငယ်ပြီး ကလေးလည်းဆန်တယ်။ မူလပိုင်ရှင်လို ဒုတိယမျိုးဆက် သူဌေးသားတွေက ယုံကြည်လို့မရဆုံးဘဲ။

ကျိုးယွီတစ်ယောက် သူ့ရှေ့မှာ ရပ်နေတဲ့ သူတွေကို တွန်းဖယ်လိုက်ပြီး ကြော်ညာဘုတ်ဆီသွားလိုက်တယ်။

တိတ်ဆိတ်နေတဲ့လူအုပ်ကြီးက ဖြစ်ပျက်လာမဲ့ကိစ္စတွေကို စိတ်ဝင်တစားစောင့်ကြည့်ရင်း ဆူညံလာပြန်တယ်။

လူတိုင်းထင်ထားသလိုမျိုး ကျိုးယွီက စိတ်မဆိုးသလို အမျက်တခြောင်းခြောင်းလည်း မထွက်ခဲ့ပါဘူး။ အဲ့အစားသူက ကြော်ညာဘုတ်မှာ ကပ်ထားတဲ့ စာရွက်တွေကို ဖြုတ်လိုက်ပြီး တစ်ခုချင်းကို သေသေချာချာခေါက်နေတယ်။ ထို့နောက် သူက လူအုပ်ကြီးကို ကြည့်လိုက်ပြီး "သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာက ရီစရာပါလား? ဘယ်သူလုပ်တာလဲ? ဒီလိုလုပ်ရဲတဲ့ သတ္တိတောင်ရှိ‌တာပဲ ထွက်လာခဲ့။ ကျောင်းသားရေးရာကို ငါနဲ့အတူသွားရအောင်။"

ဟုတ်တယ်။ ကျိုးယွီက ကျောင်းမှာ စာအတော်ဆုံးသူတစ်‌ယောက် ဖြစ်ရုံတင်မကဘူး ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ သားလည်းဖြစ်တယ်။ ကျောင်းမှာ ကျိုးယွီကို မျက်နှာလုပ်ချင်တဲ့ ဆရာတွေ နည်းတာမှမဟုတ်ဘဲ။ သာမန်လူတစ်ယောက်ကို ကျောင်းသားရေးရာခေါ်သွားပြီး ဖြေရှင်းချက်ရေးခိုင်းရင်တောင် ဘာမှမဟုတ်ဘူး။

ရည်းစားတွေက သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက ဘော့စ်ဖြစ်သွားတယ် [ဘာသာပြန်]Where stories live. Discover now