[ ဖုန်ရှင်းပြတင်းပေါက်ကနေ ပြုတ်ကျသွားတာကိုမြင်လိုက်တဲ့အချိန်က ကျိုးယွီ သူ့ကောင်မလေးအသစ်ကို ကျောင်းကနေ အတူပြန်ကြဖို့ လာကြိုနေတဲ့အချိန်ဖြစ်တယ်။
သူစာသင်ခန်းထဲက မြင်ကွင်းကို တောင့်တင်းစွာကြည့်လိုက်တယ်။
လီဟွမ်ရဲ့မျက်နှာက ဖြူဖျော့နေပြီး သူမ ဘာလို့ ဖုန်ရှင်းကို ပြတင်းပေါက်ကနေ စိတ်လိုက်မာန်ပါ တွန်းချလိုက်မိမှန်းမသိဘူး။ သူမအခုဘာလုပ်သင့်လဲ? ထောင်ထဲသွားရတော့မှာလား?
ကျိုးယွီချဉ်းကပ်လာတာကိုမြင်တော့ လီဟွမ်က ပိုလို့တောင် တုန်လှုပ်သွားသေးတယ်။ ဒီကိစ္စကြောင့် စီနီယာက သူမနဲ့ လမ်းခွဲမှာကို စိုးရိမ်မိတယ်။ သူ့မဘဝထက် သူ့ကိုပိုချစ်တာ။
ဒါပေမဲ့ ကျိုးယွီက ဘာတစ်ခွန်းမှမပြောခဲ့ဘူး။ အဲ့အစား တုန်ယင်နေတဲ့ လီဟွမ်ကိုဖက်ပြီး အေးဆေးစွာပြောလာတယ်။ “သူမ.. သူမ သူ့ဘာသူကျသွားတာ။ ပြီးတော့.. မင်း.. ဒီကိစ္စက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး!”
လီဟွမ်နဲ့ တခြားကောင်မလေးတွေက ကြောက်ရွံ့နေကြတာကြောင့် ကျိုးယွီကို ကြောင်စီစီငေးကြည့်နေကြပြီး သူဘာကိုဆိုလိုချင်လဲဆိုတာ နားမလည်ကြဘူး။
ထိုအရူးမပြုတ်ကျသွားတဲ့နေရာကနေ ကျိုးယွီ ရွံရှာစွာကြည့်လိုက်ပြီး “မင်းတို့ထောင်ထဲမသွားချင်ရင် ငါပြောတဲ့အတိုင်းလုပ်တာ ပိုကောင်းလိမ့််မယ်”
အပြင်ဘက်မှာ လေပြင်းများက မပိတ်ထားတဲ့ ပြတင်းပေါက်ကနေ ဖြတ်သန်းတိုက်ခတ်နေပြီး မကောင်းတဲ့အရာကျူးလွန်ထားတဲ့ဟာတွေကို တိုက်ခတ်သွားသလိုပဲ ]
******
[ကြယ်စင်စုကမ္ဘာ၏ ဆန်းသစ်သော တီထွင်မှုများ၊ သိပ္ပံနှင့် နည်းပညာ တိုးတက်မှုများနှင့်အတူ တဖြည်းဖြည်းယုတ်လျော့လာသော စွမ်းအင်များကြောင့် ကြယ်စင်စုအစိုးရဟာ ဒုက္ခရောက်နေရပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ဟာ အနီးနားရှိကမ္ဘာများနှင့် ဂြိုလ်များမှ စွမ်းအင်စုဆောင်းဖို့ စီမံကိန်းတစ်ခုကို စတင်ခဲ့ပါသည်။ ဒီစီမံကိန်းဟာ အလွန်အောင်မြင်ခဲ့ပြီး ကြယ်စင်စုကမ္ဘာမှာ စွမ်းအင်အများအပြား ရရှိလာသောကြောင့် ထောက်ပံ့မှုများပါပြုလုပ်နိုင်ခဲ့ပါသည်။]
YOU ARE READING
ရည်းစားတွေက သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက ဘော့စ်ဖြစ်သွားတယ် [ဘာသာပြန်]
Terror163 chapters (7 Arcs + 1 extra Arc) သူက သရဲတွေနဲ့ သူ့ကို NPC လို အသုံးချမဲ့ ပြန်လည်ဝင်စားသူ တစ်ဖွဲ့နဲ့ အမြဲတိုးတယ်။ သူ့ချစ်သူကလည်း သည်းထိတ်ရင်ဖို ဇာတ်လမ်းထဲက ဘော့စ်အဖြစ်အမြဲပြောင်းသွားတယ်။