အပိုင်း ၁၄

112 22 3
                                    

နံပါတ် ၅၃ ဘတ်စ်ကားဖြစ်ရပ်က တစ်မြို့လုံးကို တုန်လှုပ်သွားစေပြီး ထိုအချိန်တည်းက နာမည်ကြီးနေလို့ စခန်းမှူးမှာ စိုးရိမ်လွန်းပြီး ဆံပင်တချို့တောင် ကျွတ်သွားပြီဖြစ်တယ်။

နောက်ဆုံးတော့ သူအရှုံးပေးလိုက်ပြီး ဆရာသခင်တစ်ယောက်ယောက်ကို ဖိတ်ပြီး လာကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီဖြစ်ရပ်ကဘယ်လောက်တောင် ဟော့ဖြစ်လာလဲဆို စခန်းမှူးရဲ့ အထက်လူကြီးတွေကလည်း သူ့ကို နာမည်ရှိတဲ့ ဆရာသခင်တစ်ယောက်ကို ဘတ်စ်ကားရှာတွေ့တဲ့နေရာကို ပင့်ဖိတ်ဖို့ ခွင့်ပြုပေးလိုက်တယ်။

ထိုနေရာကိုရောက်တော့ စခန်းမှူးလည်း တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ပတ်ဝန်းကျင်ကို ကပျာကယာကြည့်လိုက်ပြီး သတင်းစာတွေမှာ အလွန်အမင်းကို တိတိကျကျ ရေးသားထားတဲ့ စာသားတွေကို သတိရသွားပြီး သူ့နှလုံးတွေ အေးစက်သွားတယ်။

ဒါပေမဲ့လည်း ရဲစခန်းကလည်း အကူအညီမဲ့နေတယ်။ မနေ့တစ်နေ့က သူတို့ အက်စီးဒင့်နဲ့ ပတ်သက်ပြီး ဖုန်းတစ်ကောရပေမဲ့ အလေးအနက်မထားခဲ့ကြဘူး။ နောက်ရက်မှာတော့ ဘတ်စ်ကားကုမ္ပဏီကနေ ဘတ်စ်ကားပျောက်သွားတဲ့အကြောင်း သတင်းပို့လာခဲ့တယ်။ ထို့နောက် သူတို့ အမှန်တရားကို ရှာဖွေဖို့ မဆုတ်မနစ်ကြိုးစားခဲ့ကြပေမဲ့ လူသတ်သမားကော သံသယရှိသူရဲ့ အရိပ်အယောင်ကိုရော ရှာမတွေ့ခဲ့ကြပေ။

ဒါက စခန်းတစ်ခုလုံးကို ထိတ်လန့်စေပြီး သတင်းတွေက လူတိုင်းဆီကို ပြန့်သွားကာ M မြို့တော်မှာရှိတဲ့ လူတိုင်းထိတ်ထိတ်ပျာပျာဖြစ်ကုန်တယ်။

“ဆရာသခင် ဒီအမှုအတွက် ဘယ်သူ့ကိုတရားခံလို့ထင်လဲ?” စခန်းမှူးက ဆံပင်နဲ့ မုတ်ဆိတ်တွေဖြူနေတဲ့ ဆရာသခင်က ဘတ်စ်ကားကိုကြည့်ကာ မျက်မှောင်ကြုံ့နေတာကို မြင်တော့ သူ့နှလုံးခုန်နှုန်းတွေမြန်ဆန်လာတယ်။

ဆရာသခင်ဖြစ်သူမှ သက်ပြင်းချလိုက်တယ်။ “ဒီဆရာက ဘယ်သူလုပ်လဲဆိုတာသိတယ်။ မှင်စာတစ္ဆေတစ်ကောင်ပဲ”

“မှင်စာတစ္ဆေ?” စခန်းမှူးက စိတ်ရှုပ်ထွေးစွာနဲ့မေးလိုက်တယ်။

ရည်းစားတွေက သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက ဘော့စ်ဖြစ်သွားတယ် [ဘာသာပြန်]Where stories live. Discover now