မမဟာ သွယ်ထိခိုက်ရင် သူကဦးအောင်ငိုတတ်သေးသည်။
____မမနဲ့ပက်သက်ပြီး သွယ့်မှတ်ဥာဏ်မှာစွဲနေတာကတော့ အနာတရတွေချည်းလေ။ သွယ့်ငယ်ဘဝက ပွန်းရာတွေ ပဲ့ရာတွေ ချုပ်ရာတွေချည်း။ အနာတရတွေဖြစ်မှာကိုသိပ်စိုးတဲ့သွယ်က အမြဲဒဏ်ရာတွေနဲ့ချည်း။
ဘေးချင်းကပ်ရပ်အိမ်ကလူတစ်ယောက်ကို သွယ်ဆိုတဲ့ကလေးပေါက်စက ဘယ်လောက်များရှောင်ပုန်းနိုင်မှာလဲ။ အဲ့တာကလည်း အမြဲကပ်တွယ်လွန်းတဲ့သူတစ်ယောက်ကိုရှောင်ပုန်းရတာလေ။
"သွယ်ကလေးရေ~"
ထိုအသံကိုကြားတာနဲ့သွယ်သည် ဘာတွေပဲလုပ်နေပါစေ ရပ်တန့်ကာ ကြက်သီးများထတတ်သည်။ အနောက်ကိုအားယူရင်းလှည့်ကြည့်တော့ အဝါရောင်မိုးကာအင်္ကျီလေးဝတ်ဆင်ထားတဲ့ကလေးမလေးသည် သွယ်ရှိရာသို့ တန်းတန်းမတ်မတ်လျှောက်လာသည်။
သွယ်သည်လည်း အမြန်ပင်အကြည့်လွဲပြီး နားကိုပိတ်ကာ
"မမ သွယ့်ဆီမလာနဲ့" ဟုကျယ်လောင်စွာအော်ရင်းတန်းအောင်ပြေးလေသည်။သွယ်ပုန်းနေရင် မမရှာနိုင်ပေမယ့် သွယ်ပြေးရင်တော့မမကမလိုက်နိုင်ဘူး။ ဒါက သွယ်မမကိုရှောင်နိုင်တဲ့တစ်ခုတည်းသော နည်းလမ်းပဲ။
သွယ်ကလည်း အပြေးတော်တဲ့ထဲတော့ပါတာမဟုတ်တော့ တစ်ခါတစ်ရံ ပြေးရင်းချော်လဲလို့ သွယ့်ရဲ့ ဒူးတွေ တံတောင်တွေမှာ ပွန်းရာပဲ့ရာတွေနဲ့ အိမ်ပြန်ရတဲ့ရက်တွေက များများပါ။
မမက ပြေးသွားတဲ့သွယ့်ကိုကြည့်ရင်း မျက်နှာကလေးကညိုးနေတတ်သည်။
"သွယ်က သမီးကိုသဘောမကျဘူးထင်တယ် ဖေဖေ"
အနားရောက်လာတဲ့အဖေဖြစ်သူကတော့ လပိုင်းလောက်ပင်ရှိနေပြီဖြစ်သော်လည်း ရှောင်ဖယ်နေဆဲဖြစ်နေတဲ့သွယ်နဲ့ ကပ်တွယ်နေဆဲဖြစ်နေတဲ့သမီးဖြစ်သူကိုကြည့်ပြီး ဘယ်လိုနှစ်သိမ့်ပေးရမလဲတွေးရင်း လေပူကြီးကိုမှုတ်ထုတ်လေသည်။
ငိုယိုနေတဲ့သွယ်ကလေးကိုပွေ့ဖက်ပြီးချော့မြူနေတဲ့သွယ်ရဲ့အဖေနဲ့လည်း မျက်လုံးချင်းဆုံမိသည့်အခါ အဖေနှစ်ယောက်ရဲ့မျက်နှာကမကောင်းကြပေ။
သွယ်ကလေးကလည်း သမီးနဲ့ တစ်ခါမှမျက်လုံးချင်းတောင်ဆုံအောင်မကြည့်သလို သမီးကလည်း သွယ်ကလေးမှသွယ်ကလေးဖြစ်နေသည့်အခါ နှစ်အိမ်လုံးက သွယ်နဲ့သမီးလေးကြောင့် ဗျာများရသည်။
![](https://img.wattpad.com/cover/367863169-288-k801183.jpg)
ESTÁS LEYENDO
ချစ်ရပါသော "သွယ်ကလေး"
Historia Cortaမမရဲ့လက်ချောင်းကလေးတွေ အမြဲထိတွေ့နေတတ်တဲ့ ဂစ်တာကြိုးလေးလည်း ဖြစ်ချင်ခဲ့ဖူးတယ်။