ဆေးရုံတစ်ခုရဲ့မွေးခန်းအပြင်ဘက်မှာမိသားစုတစ်ခုအပြင် စင်္ကြန်လမ်းကို လျှောက်သွားလျှောက်ပြန်လုပ်နေတဲ့ ကောင်မလေးတစ်ယောက် ကိုယ်စီကိုယ်စီစိုးထိတ်မှုများဖြင့် ရှိနေကြသည်။
"လူနာရှင်တွေထဲမှာ သွယ်က ဘယ်သူလဲ"
မွေးခန်းထဲကအလောတကြီးထွက်လာကာ သွယ့်ကိုရှာနေတာကြောင့်
သွယ့်ခြေလှမ်းများက ရပ်တန့်သွားသည်။"ကျွန်မပါ ဆရာမ မမဘာဖြစ်လို့လဲ"
"လူနာက သွယ့်ကိုခေါ်ပေးပါချည်းပြောနေလို့ပါ ဆရာမနဲ့လိုက်ခဲ့ပေးပါ"
သွယ်လည်းကြားကြားချင်းမှာပဲ မမရဲ့မိသားစုဝင်ဘယ်သူ့ထံမှပင် ခွင့်တောင်းခြင်းမပြုတော့ပဲ မမရှိရာသို့သာသွားဖို့ပြင်တော့သည်။ မမရဲ့အမျိုးသားအပါအဝင် မမရဲ့မိဘများက ပြေးထွက်သွားတဲ့ သွယ့်ကိုကြည့်ရင်းကျန်ခဲ့လေသည်။
"အငယ်မရယ် ရူးချက်ကကမ်းကုန်တယ် အမြဲတမ်း လင်ကိုကျော်ပြီး သွယ့်ကိုပဲတနေတယ်"
ထိုသို့ပြောလိုက်တဲ့စကားကြောင့်ဘေးမှအမေဖြစ်သူ၏လက်သီးဆုပ်သည် သမီးဖြစ်သူ၏ခေါင်းပေါ်သို့ ညင်သာခြင်းမရှိပဲကျရောက်လာသည်။
ကျွန်တော်ကမေ့ရဲ့ချစ်ခြင်းတွေကိုအမှန်တကယ်ရခဲ့သလား သေချာမသိပါ။ မရယူနိုင်ခဲ့ဘူးလို့ လက်မခံချင်ခဲ့ပေမယ့် ရခဲ့တယ်လို့လည်း ကျွန်တော်အတင်းလုပ်ယူပြီးမတွေးချင်ခဲ့ပါ။
မေဟာ သူ့ဘဝမှာချစ်မြတ်နိုးဖူးတဲ့သူဆိုလို့ သွယ်ပဲရှိခဲ့တာကို သူကိုယ်တိုင်သတိမထားမိလေသလား သိသိရက်နဲ့ မသိသလိုများနေသလား ကျွန်တော်လည်း စဥ်းစားရကြပ်လှသည်။
မေ့စရိုက်နဲ့ဆိုလျှင်တော့ သူသာသွယ့်ကို ပုံမှန်ထက်ပိုတဲ့ချစ်ခြင်းမျိုးနဲ့ချစ်မြတ်နိုးတာကိုသိခဲ့ရင် ကျွန်တော့်အတွက် မေ့ဘေးနားမှာနေဖို့အခွင့်အရေးဆိုတာရှိခဲ့မှာမဟုတ်ပါဘူး မေက သူလိုချင်တဲ့အရာကိုသိတာနဲ့ သူ့အပိုင်မဖြစ်ဖြစ်အောင်ဖန်တတ်တဲ့သူလေ။
သွယ်ထွက်သွားတုန်းကမေ့ရဲ့ကျန်းမာရေးအခြေအနေမှာ အမှန်တကယ်ပဲဆိုးရွားခဲ့တာပါ။ အရယ်အပြုံးဆိုတာလည်း တီဗွီဖန်သားပြင်ပေါ်က သွယ့်ကိုမြင်တွေ့တဲ့အချိန် ဒါမှမဟုတ် သတင်းစာတွေမှာ ကြော်ငြာဆိုင်းဘုတ်တွေမှာ သွယ့်ကိုမြင်တဲ့အချိန်မျိုးမှ ရှားရှားပါးပါးပေါ်လာတတ်တာမျိုး။

ESTÁS LEYENDO
ချစ်ရပါသော "သွယ်ကလေး"
Historia Cortaမမရဲ့လက်ချောင်းကလေးတွေ အမြဲထိတွေ့နေတတ်တဲ့ ဂစ်တာကြိုးလေးလည်း ဖြစ်ချင်ခဲ့ဖူးတယ်။