🎶

157 16 0
                                    

စိုးစိတ်တိုးတိတ်လွမ်းချိန်

"သွယ်ကလေးရေ မမရေးထားတဲ့သီချင်းကိုနားထောင်ပေး"

မနက်အစောကြီးသွယ်အိပ်မောကျနေတုန်း သွယ်ရှိရာခုတင်ပေါ်သို့ခုန်တက်လာကာ သွယ့်မနက်ခင်းကိုဒီလိုလာနှောက်တဲ့သူကို သွယ်စိတ်မဆိုးရဲ ဒီရက်ပိုင်း မမက ထစ်ခနဲရှိစိတ်ထထကောက်တာမို့ သွယ့်မှာချိန်ကိုက်ဗုံးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားရသည့်နှယ်။

အိမ်ရှေ့ကဒန်းမှာ မမဂစ်တာတီးပြီးသီချင်းဆိုတာကို မနက်အစောကြီးထကာ ဗိုက်ဟောင်းလောင်းနဲ့နားထောင်နေရတဲ့သွယ်သည် အလိုမကျခြင်းများကိုထုတ်မပြရဲသည့်အခါ စိတ်အစုံကိုမနည်းစုစည်းပြီး မမရဲ့အနုပညာအပေါ်အာရုံစိုက်ရလေသည်။

သီချင်းများဆုံးသည့်အခါ သွယ့်တုံ့ပြန်ချက်များကိုနားထောင်ဖို့ မမ အသင့်အနေအထားမှာရှိနေသည့်အခါ သွယ်သည် လည်ချောင်းကိုရှင်းလိုက်သည်။

"မမရဲ့သံစဥ်တွေကအရမ်းလှပြီး စာသားတွေက ဘာလို့အသက်မပါတာလဲ"

တကယ်တမ်းပြောရရင် မမက သီချင်းရေးတာထက် သံစဥ်တွေရေးတာလို့ပြောရင်တောင် မှန်လိမ့်မယ်။ သွယ်က မမရဲ့သီချင်းက စာသားလည်းမပါဘူးလို့ပြောလိုက်တာမို့ တစ်ပတ်လုံးအခန်းထဲမှာ သီချင်းထိုင်ရေးနေတော့တာပဲလေ။ ကျောင်းပြီးသွားတဲ့သူက အဲ့ဒီလိုကိုအားယားနေတာလေ။ အလုပ်ကိုလည်း သူသွားချင်တဲ့အချိန်မှ ထထသွားတတ်တာ။ ဘယ်အချိန် မမအမေဆီမှာ ဒေဝါလီခံရမလဲဆိုပြီး သွယ်တောင်တွေးလိုက်မိသေးသည်။ ဒါပေမယ့် ထူးခြားတာက မမကပဲ စီးပွားရေးအမြင်ရှိလို့လား ဘာလားတော့မသိဘူး မမရဲ့လုပ်ငန်းက အခုမှစတင်တဲ့ ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာတောင် အတော့်ကိုတိုးတက်ပြီး နာမည်ရနေတာ။

မမကတော့ အစကတည်းကတွေးထားပြီးသားဖြစ်တဲ့ သွယ့်တုံ့ပြန်ချက်ကို မထူးဆန်းသလိုဖြင့် ရယ်ရင်း ဂစ်တာပေါ်ကိုမေးတင်ရင်း တွေးတောကာနေသည်။

"ဒါကတော့ မမ မချစ်ဖူးသေးလို့နေမှာပေါ့"

"သွယ်ကရော ချစ်ဖူးသလား"

ချစ်ရပါသော "သွယ်ကလေး"Onde histórias criam vida. Descubra agora