🌽

58 10 0
                                    

သွယ့်ကိုမမရဲ့ဖေဖေမေမေတို့က မမရဲ့ကျန်းမာရေးအခြေအနေကို အားမရလို့ မျက်ရည်လေးစမ်းတစ်ဝါးဝါးနဲ့ မမအနားလာနေပေးဖို့တောင်းဆိုတုန်းက မမရဲ့အခြေအနေကို သွယ်တကယ်ကိုစိုးရိမ်ခဲ့တာအမှန်ပါ။ အဲ့တာကြောင့် အနုပညာအလုပ်ကနေ ချက်ချင်းရပ်နားပြီး ဆုပေးပွဲလည်းမတက်တော့ပဲ လူစားနဲ့ပဲယူခိုင်းပြီး သွယ်က မမရှိရာအပြေးလာခဲ့ပေမယ့် သွယ်ရောက်လာတော့လည်း မမဟာလူကောင်းအတိုင်းပါပဲ။

ဆေးရုံကိုအိမ်လိုမျိုးနေနေရတယ်ဆိုတဲ့ မမရဲ့အစ်မပြောတဲ့စကားကိုလည်း သွယ်မယုံချင်တော့တာအမှန်ဆိုပေမယ့် မမကိုဆေးရုံလိုက်ပို့တဲ့အချိန် ဆရာဝန်ပြောတာကြားခဲ့ရမှ မမတကယ်နေမကောင်းတာသိခဲ့ရသလို မမနေပြန်ကောင်းလာတာကိုလည်း သတိထားမိလာခဲ့တယ်။

အရင်ကအတိုင်းပဲ မမကသွယ်သူ့အနားရှိမနေရင် သူ့မျက်နှာကလေးညိုးနေတတ်သည်။ သွယ်အနားမှာမရှိတဲ့အချိန်ကြာသွားပြီဆိုရင် သွယ့်အိမ်ကိုအပြေးလာပြီး သွယ့်အဝတ်အစားတွေကိုလာကြည့်တော့တာပဲ။ မမဟာ သွယ်နှုတ်မဆက်ပဲထပ်ပြီးထွက်သွားမှာကိုသိပ်စိုးနေတတ်သည်။

ဒီနေ့လည်း မနက်အစောကြီးကတည်းကသွယ့်မျက်နှာကိုမတွေ့ရသေးတဲ့မမဟာ မျက်နှာကလေးရွှင်မနေပါ။ မမအိပ်ပျော်နေတာမို့ သွယ်အပြင်သွားတာကိုအသိမပေးဖြစ်ခဲ့ပေမယ့် မမနိုးလာရင်တော့ပြောပေးဖို့ သွယ် မမတို့အိမ်ကလူတွေကိုမှာခဲ့သားပဲ။ ဒါပေမယ့်မမက သွယ့်ကိုသာမျှော်နေလေသည်။

နေ့လည်ထမင်းစားခါနီးတော့သွယ်အမှီပြန်လာခဲ့ပါတယ်။ မမကသွယ့်ကားလေးခြံထဲဝင်လာတာနဲ့ အပြင်သို့ပြေးထွက်လာသည့်အခါ သွယ့်မှာမမကိုကြည့်ပြီး ရင်တမမနဲ့ရှိနေသည်။ မမဟာ သူ့ရင်သွေးလေးရှိနေတာကိုမေ့နေသလားမသိချေ။

သွယ်ကားထဲကထွက်လာတာနဲ့ သွယ့်ကိုဖက်တွယ်လာတဲ့ မမကြောင့် သွယ်ကလည်း ဘာမှမလှုပ်ရှားနိုင်ပဲ အသာလေးရပ်နေပေးရသေးသည်။ ကိုယ်ဝန်ဆောင်နေ၍လားမသိ မမရဲ့စိတ်ကလေးကထိရှလွယ်လွန်းသည့်အခါ သွယ်ကအမြဲအလိုလိုက်ရသည်။

"သွယ် တစ်မနက်လုံး ဘယ်တွေသွားနေတာလဲ"

"သွယ် ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ခဏကလေးသွားတွေ့တာပါ မမအိပ်နေသေးလို့ သွယ်မပြောပဲသွားလိုက်တာ အန်တီတို့ကိုတော့ သွယ်ပြောခဲ့တယ်လေ"

ချစ်ရပါသော "သွယ်ကလေး"Where stories live. Discover now