🌞

60 10 0
                                    

အခုလောလောဆယ်အလုပ်လက်မဲ့ဖြစ်နေတဲ့သွယ်တစ်ယောက် ရှားရှားပါးပါးရသွားတဲ့အလုပ်က မမကိုအကြိုအပို့လုပ်ရန်ဖြစ်သည်။ မနက်ကတော့ မမရဲ့အမျိုးသားကအလုပ်သွားရင်းဝင်ပို့ခဲ့တယ်လို့သိရပေမယ့် ညနေမမကိုကြိုဖို့က တိုက်တိုက်ဆိုင်ဆိုင် မမတို့တစ်အိမ်သားလုံးမအားနေသလို တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိပြီးအားနေသည့်သွယ့်ထံသို့ မမအမေရောက်လာပြီး မမကိုသွားကြိုပေးဖို့ပြောလာတာမို့ မမအလုပ်ဆင်းမယ့်အချိန်နဲ့ကိုက်ပြီး သွယ်ထီးတစ်ချောင်းကိုဆွဲကာ အိမ်မှထွက်ခဲ့သည်။

လမ်းတစ်လျှောက်မှာဟိုဟိုဒီဒီ ငေးရင်း တွေးရင်း သွယ့်အတွေးများက ငယ်စဥ်ကအချိန်ကိုပြန်ရောက်သွားသည်။

သွယ့်ကိုကာကွယ်ဖို့ ရန်အနည်းငယ်ဖြစ်ရလို့မမရဲ့ခန္ဓာကိုယ်မှာပွန်းရာ ပဲ့ရာတွေ ကိုက်ရာတွေရှိနေတတ်ပြီး တစ်ခါတစ်ရံနှာခေါင်းပေါက်ထဲ တစ်သျှူးစထိုးထည့်ထားရတတ်ပေမယ့် မမက သွယ့်ကိုတွေ့ရင် အမြဲပြုံးရယ်ရင်း သွယ်ကလေးရေ လို့နှုတ်ဆက်မြဲနှုတ်ဆက်တတ်ဆဲပဲ။

သွယ်နဲ့လည်းဘာမှမတော်စပ်ပါပဲသွယ့်ကိုလုံးဝအထိမခံတဲ့မမက သွယ့်ကြောင့်ကျောင်းမှာရန်ဖက်တွေများလာခဲ့တဲ့နေ့ရက်တွေလေ။ ပြီးတော့ သွယ်မမကိုရှောင်ပုန်းခဲ့တဲ့နေ့ရက်တွေ။

မမကိုသွားကြိုနေတဲ့လမ်းမှာ သွယ့်အနားရောက်လာပြီး တိုက်ဆိုင်လိုက်တာလို့ပြောကာစကားလာစတဲ့သူကြောင့် သွယ်ဟာတစ်ယောက်တည်း မဟုတ်တော့ချေ။ သူကမြန်မာစကားမပြောတတ်ပေမယ့် သွယ်က သူ့ဘာသာစကားကိုပြောတတ်နေသည့်အခါ သွယ်တို့စကားတွေပြောဖြစ်ကြမယ်လို့ထင်ပေမယ့် တကယ်တမ်းက ဘာစကားမှထွက်မလာပေ။ လမ်းတစ်လျှောက်လုံးတိတ်တဆိတ်နဲ့သွယ့်အနားရှိနေတဲ့သူ့ကိုကြည့်ပြီးပြုံးလိုက်သည်။

"Bryan သွယ့်ကိုသဘောကျလို့မဖြစ်ဘူးနော်"

"သွယ်က Bryan ကို သူငယ်ချင်း မိတ်ဆွေလိုပဲသဘောထားတာ"

ထိုအခါ အနားက Bryan သည် ခေါင်းထောင်လာကာ ပြုံးရယ်နေတဲ့သွယ့်ကိုတစ်ချက်ကြည့်ပြီးမနေတတ်စွာဖြင့် သွယ့်မျက်ဝန်းတွေကိုရှောင်သည်။ သူကတော့အဟုတ်မှတ်ပြီး ဟန်ဆောင်ကောင်းလှတယ်လို့ထင်နေမှာပေါ့ သွယ်ကတော့ရိပ်မိပါတယ်။

ချစ်ရပါသော "သွယ်ကလေး"Donde viven las historias. Descúbrelo ahora