ကြယ်ပန်းလေးတွေပျိုးခဲ့ မင်းလေးပန်ဖို့အတွက်
သွယ့်အားရက်တွေဟာနည်းသထက်နည်းလာပေမယ့် တစ်ရက်လျှင်လည်းတစ်ရက် မမက သွယ့်ကိုအနားမှာ မရရအောင်ခေါ်ထားတတ်သည်။ အိမ်နဲ့မနီးပေမယ့် အရမ်းကြီးတော့လည်း ဝေးမနေတဲ့မမအလုပ်ရှိရာသို့ သွယ်ဟာ အကြိုအပို့လုပ်ရသည့်နေ့များလည်းရှိသလို တစ်ခါတစ်ရံ မမကသွယ့်ကိုပုံမှန်ထက် ပိုလိုအပ်တယ်လို့ ခံစားရတဲ့နေ့ရက်တွေမျိုးမှာဆိုရင်တော့ သွယ်သည် မမအလုပ်စားပွဲမှာ မမအလုပ်ပြီးတဲ့အထိ အငြိမ်လေးထိုင်စောင့်နေရတတ်သေးသည်။
"မမရဲ့စိတ်တွေက သွယ်ရှိမနေရင် မတည်ငြိမ်ဘူး" ဆိုတဲ့အကြောင်းပြချက်နဲ့ သွယ့်ကိုအနားကအပျောက်မခံတဲ့ နေ့ရက်တွေလည်း ရှိတတ်သေးသည်။
လာကြိုတဲ့သွယ့်ကိုအာရုံမစိုက်အားတဲ့မမကို တစ်ချက်အကဲခတ်လိုက်သည်။
"မမ လက်ထဲကဘာတွေလဲ"
"ရေခဲမုန့်"
"ဗိုက်အောင့်မယ်နော်"
သွယ်ထင်တာမမှားရင် ဒီရက်တွေက မမ menstruation ဖြစ်တဲ့အချိန်ပဲ သွယ်နဲ့ရက်က ရှေ့နောက်ပဲလေ။ မမက အဲ့လိုအချိန်တွေဆို ပုံမှန်မိန်းကလေးတွေထက်ကိုပိုပြီးကိုက်ခဲတတ်တာ။ မမကသူဗိုက်အောင့်လာလို့ စိတ်မကြည်ရင် သူရေခဲမုန့်စားနေတာကို ရပ်ကြည့်နေရကောင်းလားဆိုပြီး သွယ့်ကိုကအပြစ်တင်တတ်သေးတာမို့ သွယ်ရှောင်ရမယ့်အစားအစာဆိုပေမယ့်လည်း ပါးစပ်ထဲထည့်ဖို့ ဆုံးဖြတ်ရတော့သည်။
"သွယ့်ကို နည်းနည်းကျွေး"
မမရဲ့ခြေလှမ်းများက ရပ်တန့်သွားသလို သွယ့်ကိုလည်း မကြည်သလိုကြည့်လာပြီး လက်ထဲက ရေခဲမုန့်ကို သွယ့်ရှေ့ကမ်းလာသည်။ သွယ်လည်း ပါးစပ်နဲ့ဆံ့သလောက်ကို အကုန်စားလိုက်တော့ လမ်းမဘေးမှာပဲချက်ချင်းကို နားရင်းအုပ်ခံလိုက်ရသည်။
ဘယ်လောက်ပဲနာမည်ကြီးနေတဲ့သွယ်ဖြစ်နေပါစေ သွယ်က မမအနားမှာဆို image တွေက ကုန်းကောက်လို့မရအောင် ကျဆင်းလေသည်။
"သွယ်! ဘာလုပ်တာလဲ!! စားချင်ရင် အစောကြီးကတည်းကပြောလေ အကုန်စားလိုက်တော့ ငါဘာသွားစားရမှာလဲ!!!"

STAI LEGGENDO
ချစ်ရပါသော "သွယ်ကလေး"
Storie breviမမရဲ့လက်ချောင်းကလေးတွေ အမြဲထိတွေ့နေတတ်တဲ့ ဂစ်တာကြိုးလေးလည်း ဖြစ်ချင်ခဲ့ဖူးတယ်။