Part - 2 (U&Z)

2.9K 137 6
                                    

အပိုင်း ၂
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

အနက်ရောင်ရေနံဆီများသုတ်ထားသည့် ပျဉ်ထောင်အိမ်လေးအတွင်း ပုခတ်လေးလွှဲကာ သမီးလေးကို သိပ်သည်။ သမီးလေးက ငယ်ပေမယ့်လဲ အတော်လေးကိုသိတတ်သည်ဟုပြောရမည်။ ညဆိုလျှင်လဲ ပုံမှန်အိပ်ပြီး မနက်ဆိုလဲ နိုးနေလျှင်တောင်မငိုပဲ သူ့ဘာသာလေးနေရှာသည်။ မနက်ခင်းတွင် မျက်နှာသစ် နို့ဗူးစ်ို့ပြီး ပြန်အိပ်တတ်သည်မှာ နေ့လည်ရေချိုးမှ နှိုးပြီးချိုးပေးရသည်အထိ ငြိမ်သည့်ကလေးလေးဖြစ်သည်။ ကောက်သည့်အချိန်မှာလဲ နေဝင်မိုးချုပ်လောက်သာ ထထကောက်တတ်ပြီး သမီးလေးငိုသည့်အသံမှာ တစ်ဟစ်ဟစ်နှင့်ဖြစ်၍ ဘေးလူများက ငိုသည်မထင်ပဲ ရယ်နေသည်ဟုပင် ထင်ကြသေး၏။

"မေမေ့အပေါ် အခုထဲက သိတတ်နေတာပါလားကွယ် ဟွန် ဟုတ်လားသမီး...."

ပမာ့အပေါ်မဆိုးသည့်သမီးလေးကြောင့် ကြည်နူးစိတ်ကလေးဖြင့် အိပ်နေသည့်သမီးလေးကို စကားတွေပြောနေမိ၏။

"ကလေးက သူ့ကလေးရောဟုတ်ရဲ့လားမသိဘူးအေ"

ကြားလိုက်ရသည့် စကားတစ်ခွန်းဟာ ပမာ့ရင်ကို ဒိန်းကနဲတုန်လှူပ်သွားစေခဲ့ပါသည်။ အတင်းတုပ်ကြသူများဟာ ဝေးဝေးသွားမတုပ်ကြပါပဲ ပမာကြားအောင်တမင်များ ခြံစည်းရိုးအနားကပ်ပြောနေကြသလားဟုတောင် တွေးမိပါသည်။

"ဟုတ်ပါ့ ကျွန်မလဲ အဲ့လိုထင်တာပဲ နို့တောင်မတိုက်တာဆိုတော့ မခင်အရင်းမဟုတ်လို့ပေါ့တော့"

အို...ဖြစ်ရလေ။

"ငါ့အထင်တော့ ကလေးကိုခိုးလာတာများလားပဲ"

"ဟယ် နင်ကလဲ မဟုတ်မဟက်တွေလျှောက်ပြောနေပြန်ပါပြီ"

"အေးလှိုင်ပြောတာလဲဟုတ်တယ်ဟဲ့ ကြည့်လိုက်ပါလား သူ့ပုံစံက ကလေးအမေနဲ့ဘယ်နေရာများတူနေလို့လဲ ဖွေးဖွေးသေးသေးလေးနဲ့ အို...ကလေးအမေကို မဖြစ်နိုင်တာပါအေ..."

ပမာ့ရင်ထဲ နာကျင်သွားရသည်ကြောင့် မျက်ရည်လေးကျလာမိသည်။ သမီးလေးက မေမေ့သမီးအရင်းလေးပါကွယ်။ မေမေ့တို့ကို ဘာလို့ဒီလိုထင်လိုက်ရတာလဲ။ အကြောင်းတစ်ခုခုကြောင့် နို့တိုက်မရဖြစ်နေပေမယ့်လဲ မေမေက သမီးလေးရဲ့မေမေအရင်းပါသမီးရယ်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing) Nơi câu chuyện tồn tại. Hãy khám phá bây giờ