အခန်း - ၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻"ပမာရေ ပမာ"
"ရှိတယ်မအေးလှိုင် တတ်ခဲ့လေ"
ခေါက်ဆွဲကြော်အိုးကို ပလက်ဖြုတ်၍ ပမာအိမ်ရှေ့သို့ထွက်ခဲ့၏။
"ဘာပြောစရာရှိလို့လဲမအေးလှိုင်ရဲ့"
"အော် ထွေထွေထူးထူးမဟုတ်ပါဘူး ရှေ့အိမ်ကို လူပြောင်းလာတာပမာသိတယ်မဟုတ်လား"
"သိပါတယ်"
"အဲ့တာ ဒို့တွေသွားမိတ်ဆက်ရအောင်လို့ ဝါဝါ့ပါခေါ်လာတာ အတူသွားရအောင်လို့လေ"
"ပမာကြားတာ ယောက်ျားသားတစ်ယောက်ထဲဆိုအစ်မ"
"ဟုတ််တယ် "
"ဒါဆိုမလိုက်တော့ဘူးမအေးလှိုင် ယောက်ျားသားတစ်ယောက်ထဲရှိတဲ့အိမ်ဆိုတော့ ပမာမလိုက်ဘူး"
"ဟော အဲ့လိုတော့မလုပ်နဲ့လေဟယ် နောက်ဆိုအိမ်နီးချင်းတွေဖြစ်ကြတော့မှာပဲ မမြင်ချင်လဲမြင်ရတော့မယ် ဖေးမကူညီဖော်လဲရတာပေါ့ "
သူစိမ်းယောက်ျားသားတစ်ယောက်ကို ဖေးမကူညီဖော်အဖြစ် အားကိုးမည့်ထဲ ပမာမပါပေ။ ယောက်ျားဆို ပမာဘယ်သူ့ကိုမှကို မယုံသည်ဆိုပိုမှန်မည်။ မအေးလှိုင်ရဲ့ ခင်ပွန်းကိုတောင် ပမာကြည်သည်မဟုတ်။ တအားကိုမှ မုန်းသည့်ထဲတွင် ထိုလူပါသည်။ ဒါကို အိမ်ဘေးမှာ ယောက်ျားသားက ထပ်ရောက်အုံးမယ်ဆိုတော့ကား...။
"တော်ပါပြီ မလိုက်တော့ဘူးအစ်မ ပမာဟင်းချက်ရအုံးမှာ မဝါနဲ့ပဲသွားလိုက်ပါ"
"လာပါပမာရယ် မကောင်းဘူးလေ"
ပမာဆက်ငြင်းပေမယ့်လဲ မအေးလှိုင်နှင့်မဝါ၏ ပြောစကားများကြောင့် ပမာအတူလိုက်သွားရတော့၏။ တစ်ထပ်တိုက်အိမ်ကလေးဟာ လူမနေသည့်အခါ အထီးကျန်ဆန်ဆန်နှင့်ရှိနေရပြီး ယခုအခါ အနည်းငယ်စိုပြေ၍ နေချင်စဖွယ်လေးဖြစ်နေသည်ကို ပမာသတိထားမိသည်။
"မောင်လေးရေ ငါ့မောင်ရေ...လူရှိလား.."
"လာပြီဗျ"
ဘုန်းစေအခန်းထဲမှထွက်၍ သွားကြည့်သည့်အခါ ဦးစွာမြင်ရသည်က အရပ်ပုပုနှင့် ၄၀ ကျော်အမျိုးသမီးတစ်ယောက်ဖြစ်နေ၏။ ထိုဘေးတွင် နောက်တစ်ယောက်ပါပြီး နောက်တွင်လဲ နောက်တစ်ယောက်ထပ်ရှိနေသေးသည်။
![](https://img.wattpad.com/cover/375222318-288-k388152.jpg)
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing)
Romanceပမာ့အချစ်တွေအားလုံး သမီးလေးကိုပေးထားပြီးသားပါ ပမာ့မှာ ပိုလျှံနေတဲ့အချစ်ဆိုတာမရှိတော့ဘူး ကိုထက် ပုံပမာ အကိုကရော ပမာ့ဆီက အချစ်ကိုတောင်းခံမိသလားပမာရယ်...ပမာတို့သားမိနှစ်ယောက်လုံးက်ို အကိုကပဲအချစ်တွေပေးပြီး ချစ်ပေးပါ့မယ် ဒါ့အတွက်ပမာပြန်ပြီး...