Part - 5

3.1K 148 8
                                    

အခန်း - ၅
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

ပုံ့ပုံ့တို့၏အိမ်ရှေ့တွင် သရက်ပင်ကြီးတစ်ပင်ရှိသည်။ ထိုသရက်ပင်ကြီးဟာ ဝိုင်းထဲတွင်မဟုတ်ပဲ အပြင်တွင်ဖြစ်သည်ကြောင့် ထိုအပင်၏အောက်​တည့်တည့်တွင် ထိုင်ခုံရှည်တစ်ခု ပြုလုပ်ထားပါသည်။ ဒါကလဲ ပုံ့ပုံ့ကစားချင်သည်ပြော၍ မေမေလုပ်ပေးထားခြင်းဖြစ်သည်။

ခေါင်းပေါ်မှ သရက်ပင်ကို မော့ကြည့်၍ ပုံ့ပုံ့ပြောလိုက်သည်။

"သရက်သီးကအမှည့်တွေပဲရှိတော့တာဟ ငါရှာပြီးပြီ ဒီအပင်ကလဲ အပုတ်တွေကြည့်ပဲ"

"ဟုတ်တယ် သရက်သီးတွေကမကောင်းတော့ဘူး ဘဲဥမတို့အိမ်မှာလဲမရှိတော့ဘူး"

"သရက်သီးလေးရယ် ပျိုလေးကြိုက်လေးရယ် တို့စားရင်တော့ရှယ်ပဲ စားချင်လိုက်တာ"

ပုံ့ပုံ့အပါအဝင် ကလေး ၆ ယောက်ဟာ သရက်ပင်အောက်မှ ခုံရှည််တွင်ထိုင်၍ သရက်ပင်ကိုမော့ကြည့်ကာ သက်ပြင်းများ ချနေကြလေ၏။

"ဒီအိမ်ကလဲ ဘာလို့လူပြောင်းလာတာလဲမသိဘူး သရက်သီးကဒီတစ်ပင်ထဲ အစိမ်းရှိတာပါဆိုမှ အခုတော့ခူးမရတော့ဘူး"

"အေးလေ နေ့တိုင်းကြည့်ရလွန်းလို့ ဘယ်နှလုံးသီးလဲတောင် မှတ်မိနေပြီကို"

ပုံ့ပုံ့တို့သရက်ပင်အပါအဝင် သရက်ပင်အားလုံးတွင် အစိမ်းမရှိတော့ပဲ မှည့်နေ၍ တဘုတ်ဘုတ်တောင်ပြုတ်ကျနေပြီဖြစ်သည်။ ထိုထဲတွင်မှ ဒီအိမ်ဒေါင့်မှ သရက်ပင်တစ်ပင်တည်းကသာ သရက်သီးတွေ ရှေ့လများလောက်ကမှ စသီးတာဖြစ်သည်။ ဒါကို ပုံ့ပုံ့တို့အားလုံးသေချာကြည့်ပြီး စောင့်ကြည့်ထားသည်မှာလဲ အတော်လေးတောင်ကြာပါပြီ။

"သရက်သီးမရလို့ သံပုရာသီးနဲ့စားမယ်ဆိုတော့လဲ အဲ့အိမ်ထဲမှာပဲဆိုတော့ စားမရပြန်ဘူး...သရက်သီးလေးပဲ စားချင်လိုက်တာဟယ် ဟူး..."

တစ်ခြံလုံးသီးပင်စားပင်များနှင့် ပြည့်နေသည့်အိမ်ကို အရင်ကဆိုလျှင် ပုံ့ပုံ့တို့အဖွဲ့ဝင်လိုက်ထွက်လိုက်နှင့် လုပ်ချင်သလိုလုပ် စားချင်သလိုစားလို့ရပါသည်။ ယခုတော့ လူကြီးနဲ့ကလဲ မတည့် အိမ်ထဲကလဲ ဝင်လို့မရတော့ ခြံဒေါင့်က သရက်ပင်ကို ဘယ်လိုလုပ်သွားတတ်လို့ရတော့မှာလဲ။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing) Onde histórias criam vida. Descubra agora