အပိုင်း - ၃
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻အချိန်အတိုင်းအတာတစ်ခုအထိ ကုန်ဆုံးဖြတ်သန်းပြီးသော်...။
နွေရာသီကုန်ဆုံးလုဆဲအချိန်၊ ရွက်သစ်ဝေ၍ ရွက်ဟောင်းကြွေပြီး ရွက်စိမ်းရင့်ရင့်များ ဖြစ်ပေါ်နေသည့်အချိန် တွင် နေ့လည် ၁၁ နာရီအချိန်တွင်တောင် အပူအားကြီးနေပြီဖြစ်သည်။
ဤအချ်ိန်အတွင်း ဘာပြောင်းလဲသွားသလဲဆိုလျှင် ပမာ့ရဲ့အတွင်းစိတ်နေစိတ်ထားအားလုံး ပြောင်းလဲသွားခဲ့ပါသည်။
ပတ်ဝန်းကျင်အသစ်တစ်ခုတွင် အခြေတည်နေထိုင်ရသည်မှာ လွယ်ကူသည့်အလုပ်တော့မဟုတ်ပေ။ အသားကျရန် ကြိုးစားရသည်။ နေထိုင်တတ်ရန် ကြိုးစားရသည်။ ဘယ်နေရာမဆို မိမိသည်ပဲဦးဆောင်ရသည်ကြောင့် ခက်ခဲခဲ့ပါသည်။ သားမိနှစ်ယောက်ထဲနေရသည့်အခါ စိတ်လုံခြုံမှုမရပဲ အနည်းငယ်တော့ကြောက်စိတ်ဝင်မိ၏။ အားလုံးကိုသတိနှင့်လုပ်ဆောင်ပြုမူရသည်မှာ လွယ်ကူသည့်အရာတော့မဟုတ်ခဲ့ပေ။
မှန်းထားသည့်ဘဝရည်မှန်းချက် အစီအစဉ်များလဲ များစွာပျက်ပြယ်ခဲ့သေးသည်။ သမီးအတွက် သူမ ပေးထားခဲ့သည့် ကတိစကားများကိုသူမတည်ခဲ့သော်လည်း ပြီးပြည့်စုံခဲ့သည့်ကတိများတော့ မဟုတ်ခဲ့ပေ။ လိုအပ်မှုများ များစွာရှိခဲ့ပါသည်။ သမီးလေးအတွက် သူမ၏ဖြည့်ဆည်းပေးမှုများဟာ အကောင်းဆုံးမဟုတ်ပဲ အနည်းငယ်လိုအပ်ခဲ့သည်ကို ဝန်ခံပါသည်။
မြက်များစိမ်းစိုနေသည့်အိမ်ခြံဝန်းဟာ ယခုအခါ သမီးလေးဆော့ကစားသည့် ဖုန်ထူထူကွင်းပြင်အဖြစ်ပြောင်းလဲလာခဲ့သည်။ ရေနံမဲမဲနှင့် ပျဉ်ထောင်အိမ်လေးအတွင်းတွင်လဲ သမီးဆွဲထားသည့် ရောင်စုံပုံလေးများဟာ နေရာအနှံ့ဝန်းရံနေရာယူထားပါသည်။ အလှကြိုက်သည့်သမီးလေးအကြိုက် ပန်းအလှလေးများစိုက်ပျိုးထားသော်လည်း နွေရာသီဖြစ်၍ တစ်ချို့ပန်းပင်လေးများဟာ ပျောက်ကွယ်သွားပြီတောင်ဖြစ်သည်။
ရဲစက်စက်နှင့် ရက်သားအရွယ်ကလေးလေးဟာလဲ ဖြူဖြူဖွေးဖွေးနှင့် သိပ်ကိုချစ်စရာကောင်းသည့် သမီးလေးအဖြစ် မှော်ဆန်ဆန်ပင်ပြောင်းလဲလာခဲ့သည်။ နက်မှောင်လှပြီးထူထဲလှသည့် ဆံနွယ်လေးများဟာ ဂုတ်လေးဝဲရုံလောက်ရှည်နေပြီး မျက်နှာလေးဟာ ပါးလေးများဖောင်းတတ်၍ အူယားစရာလေးဖြစ်သည်။
![](https://img.wattpad.com/cover/375222318-288-k388152.jpg)
VOCÊ ESTÁ LENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing)
Romanceပမာ့အချစ်တွေအားလုံး သမီးလေးကိုပေးထားပြီးသားပါ ပမာ့မှာ ပိုလျှံနေတဲ့အချစ်ဆိုတာမရှိတော့ဘူး ကိုထက် ပုံပမာ အကိုကရော ပမာ့ဆီက အချစ်ကိုတောင်းခံမိသလားပမာရယ်...ပမာတို့သားမိနှစ်ယောက်လုံးက်ို အကိုကပဲအချစ်တွေပေးပြီး ချစ်ပေးပါ့မယ် ဒါ့အတွက်ပမာပြန်ပြီး...