အပိုင်း - ၇
မေတ္တာဝေဆာ ဆည်းလည်းပမာ 🌻"မေမေ မီးပုံ့တို့ဘက်လေမုန်တိုင်းရှိတယ်ဆိုဟုတ်လားမေမေ"
"ဟုတ်တယ်သမီးရဲ့ မေမေတို့ဘက်ကိုအဖျားခက်မှာ"
"ဒါဆို ရေကြီးမှာလားဟင်မေမေ ဟိုးတစ်နှစ်ကလိုလေ မီးပုံ့တို့အိမ်တွေကို ရေတွေတတ်လာမှာလားဟင်"
"ဒါတော့ပြောမရသေးဘူးသမီးရဲ့ အခုထိတော့ချောင်းထဲ ရေတောင်လာသေးတာမဟုတ်ဘူး ရေကြီးချင်မှ ကြီးမှာပါ"
"မီးပုံ့က ရေကြီးစေချင်တာ"
"မေမေတော့မနေချင်ပါဘူး ရေကျသွားရင် နုန်းတွေကျန်ပြီး အမှိုက်တွေလဲအပြည့်ကျန်ခဲ့တာသမီးရဲ့ အဆင်မပြေဘူး"
"ပျော်စရာကြီးကိုမေမေကလဲ"
ကလေးအတွေးဆိုပျော်ဖို့ကောင်းပေမယ့် ပမာ့တော့ စိတ်ရှုပ်ပါသည်။ သွားရလာရခက်သလို ချက်ပြုတ်စားသောက်ဖို့လဲ ခက်သည်မဟုတ်လား။
ပမာ့အလုပ်ချိန်မှာ ဆိုင်ရှိကျန်ဝန်ထမ်းများထက် အလုပ်ချိန်နည်းသည်ကြောင့် နေ့လည်ခင်းထမင်းစားချိန် ၁၅ မိနစ်သာယူပြီး ပမာအလုပ်ဆင်းပေးပါသည်။ ကျန်သည့်ကလေးမများဟာတော့ ရေချိုးထမင်းစားချိန် ၁ နာရီ ခွဲ အထိရ၍ အိမ်သို့ပြန်ကြသည်။
ပမာတို့ဆိုင်လေးဟာ အတွဲလိုက်ယူသည့် ဖောက်သည်ဈေးသည်များ များသည်ကြောင့် ဝန်ထမ်းလေးယောက်ရှိသည်တောင် လက်မလည်အောင် ရောင်းရသည့်ဆိုင်လေးဖြစ်သည်။ နေ့လည်နေ့ခင်းဆိုလျှင် ထမင်းစားပြန်ကြ၍ လူနည်းသည်ကြောင့် ပိုလို့တောင် အလုပ်ရှုပ်ပါသည်။
"ဟယ် ဘာလာဝယ်တာလဲအကိုထက်"
"အစ်ကိုထက်..."
"အော် အစ်ကိုကြည့်ခေါ်တော့လဲ တစ်မျိုးနေလို့ နာမည်ထည့်ခေါ်လိုက်တာ အဆင်မပြေလို့လားဟင်..."
"အာ...မဟုတ်ပါဘူး အစ်ကိုက ကြားနေကြမဟုတ်တော့ ကြောင်သွားတာ"
အိုးတို့အမ်းတမ်းပုံစံနှင့် ရပ်နေကြပြီးမှ ပမာ့ဘက်က စကားစဆိုလိုက်၏။
"အစ်ကိုဘာယူမှာလဲဟင်"
ဟော။ လူကို အစ်ကိုထက်လို့ခေါ်လိုက် အစ်ကိုလို့ခေါ်လိုက်နဲ့ပါလားကွ။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing)
Romanceပမာ့အချစ်တွေအားလုံး သမီးလေးကိုပေးထားပြီးသားပါ ပမာ့မှာ ပိုလျှံနေတဲ့အချစ်ဆိုတာမရှိတော့ဘူး ကိုထက် ပုံပမာ အကိုကရော ပမာ့ဆီက အချစ်ကိုတောင်းခံမိသလားပမာရယ်...ပမာတို့သားမိနှစ်ယောက်လုံးက်ို အကိုကပဲအချစ်တွေပေးပြီး ချစ်ပေးပါ့မယ် ဒါ့အတွက်ပမာပြန်ပြီး...