သီတင်းကျွတ်ပွဲတော်

2.2K 106 10
                                    

သီတင်းကျွတ်လပြည့်နေ့တွင် မေမေ့ကို မုန့်ဖိုးစုထားသည့်ပိုက်ဆံလေးနှင့် ဝမ်းဆက်ပိတ်လေး ကန်တော့၏။

"မပုံ့ရေ လာလေ သားသားတို့ကန်တော့ တော့မှာ လာတော့"

"အေးအေး လာပြီ"

အိမ်တွင်မီးထွန်းနေသည်ကိုထားခဲ့ကာ ဝှီးခနဲနေအောင် ပြေးသွားသည့်သမီးလေးက မအေးလှိုင်တို့ကို ကန်တော့ဖို့ဖြစ်သည်။ ဘာပစ္စည်းမှမပါပဲ သားသားတို့ကန်တော့မည့်ပစ္စည်းကို ဝိုင်းကန်တော့မည်ဖြစ်သည်။

တီလေးအေးလှိုင်ကို ကန်တော့ပြီးသည့်အခါ မုန့်ဖိုး ၅၀၀ ထုတ်ပေး၏။

"မပုံ့သိလား သားသားတို့အဖိုးကိုသွားကန်တော့တာ မုန့်ဖိုး ၅၀၀ ထပ်ရလာတယ်"

"ဟုတ်လား"

"ဟုတ်တယ် ဦးလေးကိုလဲကန်တော့ခဲ့တာ ၅၀၀ ထပ်ရသေးတယ်ဗျာ့..."

"နင်ကမိုက်တာပေါ့ မုန့်ဖိုးပေးမယ့်လူတွေအများကြီးပဲ"

"သားသားတို့က ဆွေမျိုးတောင့်တယ်လေ အဲ့တော့ ကန်တော့ရင်မုန့်ဖိုးရတာပေါ့"

"နင်တို့သွားကန်တော့တော့ ဘာနဲ့ကန်တော့တာလဲ"

"ဦးလေးတွေကိုက လက်အုပ်ချီပြီးကန်တော့လိုက်တာမပုံ့ရ မုန့်မပါဘူး"

"ဟား....ဂျလန်းကြီးဟေး...ငါလဲ မုန့်ဖိုးလိုချင်လိုက်တာ"

အားတတ်သရောနှင့်​ အားကျနေသည့်ပုံစံဖြင့် ပုံ့ပုံ့က ချီးကျူးစကားဆိုလေသည်။

ပုံ့ပုံ့အိမ်ပြန်ရောက်သည့်အခါ ရလာသည့်မုန့်ဖိုးလေးကို အိတ်ကပ်ထဲထည့်ရင်းဖြင့် မေမေနှင့်အတူ ဆီးမီးထွန်းသည်။ ဆီမီးထွန်းရင်းလဲ ဘယ်သူ့ကိုကန်တော့ရင် မုန့်ဖိုးရမလဲကို ထိုင်တွေးနေမိ၏။

"မေမေ့"

"ဝေ့"

"ဖယောင်းတိုင်ရှိလား"

"ရှိတာပေါ့သမီးရဲ့..."

"အမွှေးတိုင်းရောမေမေ..."

"ရှိပါ့တော် ရှိပါ့...."

"အဟီး...."

ဖယောင်တိုင်လေးထွန်းပြီး ထိုင်နေတုန်းပင် လင်ဗန်းကြီးရွက်ပြီး သူ့အိမ်သို့လာနေသည့် ငလက်မကို ဘုန်းစေလှမ်းမြင်လိုက်ရသည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing) Donde viven las historias. Descúbrelo ahora