အခန်း - ၁
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻"ဒယ်ဒီ"
"ငါ့အိမ်မှာနေစရာမလိုဘူး ရွယ်ရွယ် သွား အိမ်ပေါ်ကဆင်း"
"သမီးလေးနဲ့မလို့ပါဒယ်ဒီရယ် သမီးကိုနေခွင့်ပြုပါ"
"မိတဆိုးလေးဆိုပြီးအလိုလိုက်မိတာမှားတာပဲ ငါမပြောတော့ကန့်တတ်လာတယ် ဟော အခုကြည့် အဲ့ကောင်ရဲ့သွေးသားပါအိမ်ပေါ်ခေါ်တင်လာတယ် ဒါမျိုးလက်မခံနိုင်ဘူးကွ"
သမီးကိုရင်ခွင်တွင်ပိုက်၍ ရွယ်ငိိုမိသည်။ ဒယ်ဒီက အစထဲကရွယ့်ကိုမချစ်သည်ကို ရွယ်ခဏမေ့သွားခဲ့မိပါသည်။ မိတဆိုးဆိုပြီး ဒယ်ဒီဘာကိုများ အလိုလိုက်ခဲ့သနည်းဟု ရွယ်မေးလိုက်ချင်ပါသည်။
"ငထွန်းဆိုတဲ့ငါ့သမိုင်းရိုင်းတယ် သွား...အိမ်ပေါ်ကဆင်းသွား. ..သားသမီးဆိုးကိုပစ်ရိုးထုံးစံမရှိဘူးဆိုတာ ငထွန်းရာဇဝင်မှာမရှိဘူး....မနက်ဖြန်သတင်းစာမှာ အမွေဖြတ်တဲ့အကြောင်း တရားဝင်ကြေညာမယ် ငါ့အိမ်အရိပ်လဲနင်းစရာမလိုဘူး ငါ့မိသားစုနာမည်အောက်မှာလဲ နေစရာမလိုတော့ဘူးမိရွယ်"
"ရှင်..."
ခက်ထန်မာကျောလှသည့်ဒယ်ဒီ့မျက်နှာကို ရွယ်ကြည့်ရင်းဖြင့် ရင်တွင်းစို့နင့်သွားရ၏။ ရွယ့်ကို ပစ်ပယ်နိုင်မှန်းသိပေမယ့် ဒယ်ဒီ့ဘက်က ဒီစကားတွေထုတ်မပြောလောက်ဘူးဟု ရွယ်ထင်ခဲ့မိပါသည်။ ဒယ်ဒီဟာ ပြောပြီးတကယ်လုပ်သည့်လူဖြစ်သည်ကို သမီးဖြစ်သည့်ရွယ် ကောင်းကောင်းသိသည်။
"ကိုကို...."
ကိုကို့ကိုအားကိုးတကြီးကြည့်လိုက်တော့ ကိုကိုက မျက်နှာပျက်နေပြီး ဒယ်ဒီ့အနားသို့သွားရပ်လေသည်။
"ဒယ်ဒီ..."
"သား အပေါ်တတ်နေသွား မင်းဝင်ပါစရာမလိုဘူး"
ရွယ် အကူညီတောင်းသည့်လူ မှားသွားခဲ့သည်။ ကိုကိုဟာ ဘယ်တော့မှ ဒယ်ဒီ့ကိုခံပြောသည့်လူမဟုတ်။ ခေါင်းမာပြီး စိတ်ရှိတိုင်းလုပ်တတ်သည့်ရွယ့်လိုမဟုတ်။ ဒယ်ဒီ့စကားတစ်ခွန်းတည်းနှင့်ပင် ယခုလဲ ကိုကိုဟာ ရွယ့်ကိုပင်လှည့်မကြည့်ပါပဲ အိမ်ပေါ်သို့တတ်သွားခဲ့ပြီပင်ဖြစ်သည်။
![](https://img.wattpad.com/cover/375222318-288-k388152.jpg)
VOCÊ ESTÁ LENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing)
Romanceပမာ့အချစ်တွေအားလုံး သမီးလေးကိုပေးထားပြီးသားပါ ပမာ့မှာ ပိုလျှံနေတဲ့အချစ်ဆိုတာမရှိတော့ဘူး ကိုထက် ပုံပမာ အကိုကရော ပမာ့ဆီက အချစ်ကိုတောင်းခံမိသလားပမာရယ်...ပမာတို့သားမိနှစ်ယောက်လုံးက်ို အကိုကပဲအချစ်တွေပေးပြီး ချစ်ပေးပါ့မယ် ဒါ့အတွက်ပမာပြန်ပြီး...